နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုစီးပွားဘဝမြှင့်တင်ရေး

ကမ္ဘာ့လူသားအားလုံးနေ့စဉ်လိုအပ်နေသည့် စားနပ်ရိက္ခာ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြပေသည်။  လူတိုင်းသက်တမ်းစေ့ နေနိုင်ရေးအတွက် အာဟာရပြည့်ဝသောစားနပ်ရိက္ခာများ ထုတ်လုပ် ရရှိရန်လည်း လိုအပ်ပေသည်။


ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာ ဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျပေသည်။ စားနပ်ရိက္ခာစိုက်ပျိုး ထုတ်လုပ်မှုမြင့်တက်လာခြင်းသည် ငတ်မွတ်သူပပျောက်ရေး အစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်း မရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတုအပေါ် မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲများရှိနေပေသည်။


သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် စားနပ်ရိက္ခာဖူလုံမှုကို များစွာအထောက်အကူ ပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အထောက်အကူဖြစ်စေ မည်ဖြစ်ပေသည်။


မြန်မာနိုင်ငံတွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိသော် လည်း နောင်တိုးပွားလာမည့်လူဦးရေအတွက် ရေရှည်မျှော်မှန်းပြီး ရေတိုရေရှည်စီမံကိန်းများ    ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရဓာတ်ပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ တစ်ဧကအထွက် နှုန်းတိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ရိတ်သိမ်းပြီး နောက်ပိုင်းကာလလုပ်ငန်းစဉ်များ၌     ဖြစ်ပေါ်လျက်ရှိသည့် လေလွင့်ဆုံးရှုံးမှုများ လျှော့ချရေးလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်ရန်လိုအပ်ပေသည်။


ကမ္ဘာတစ်ဝန်းထုတ်လုပ်သည့် စားနပ်ရိက္ခာအားလုံး၏ သုံးပုံ တစ်ပုံသည် အလဟဿအလေအလွင့်ဖြစ်ခဲ့ရကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပေသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ခန့်မှန်း ချက်အရ တစ်ကမ္ဘာလုံး၌ နှံစားသီးနှံတွင် ၂၀ ရာခိုင်နှုန်း၊ နို့ထွက် ပစ္စည်းနှင့် ငါးလုပ်ငန်းတွင် ၃၀ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွင် ၄၀ ရာခိုင်နှုန်းအထိ အစားအစာဆုံးရှုံးမှုနှင့် အလေအလွင့်ဖြစ်ပေါ်နေသဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် များတွင် အစားအစာဆုံးရှုံးမှုနှင့် အလေအလွင့်လျှော့ချနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့် ပုဂ္ဂလိကများပူးပေါင်း၍ ရိတ်သိမ်းချိန်လွန်နည်းပညာဖြင့် စီးပွားရေးနှင့် လက်တွေ့အသုံးချ ရေးလုပ်ငန်းများကို    တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက စက်တင်ဘာ ၁၃ ရက် မန္တလေးတိုင်း ဒေသကြီး ထုံးဘိုရှိ စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်း ပညာသင်တန်းကျောင်းခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။


ကျေးလက်ဒေသဆင်းရဲမှုသံသရာကိုတိုက်ဖျက်နိုင်ရေး လယ်ယာကဏ္ဍလူမှုစီးပွားဘဝကာကွယ်မြှင့်တင်ရင်း လူ့ဘောင် ဘဝကြီး ပိုမိုထွန်းတောက်လာအောင် ကြိုးပမ်းအားထုတ်စေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ