နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက်ညီလက်ညီဆောင်ရွက်စေချင်

လူသည် ရံဖန်ရံခါအခက်အခဲအကျပ်အတည်းများနှင့် ကြုံ တွေ့ရတတ်ပါသည်။ မည်သို့သောအခက်အခဲအကျပ်အတည်းရှိ စေကာမူ စိတ်ပျက်ခြင်းအားလျော့ခြင်း ကြောက်ရွံ့နောက်ဆုတ် ခြင်းများဖြင့် ဘဝကိုအရှုံးမပေးသင့်ပါ။ စိတ်ပျက်အားလျှော့ခြင်း သည် ဘဝကိုကျဆုံးစေခြင်းလမ်းစပင်ဖြစ်သည်။


မည်သို့သောအခက်အခဲအကျပ်အတည်းရောက်ရှိစေကာမူ ရည်မှန်းချက်ပန်းတိုင်အရောက်လှမ်းနိုင်ရန် အရေးကြီးသည်။ သွားလိုသောခရီး၊ ဖြစ်ချင်သောဆန္ဒ၊ မျှော်မှန်းသောပန်းတိုင်သို့ အရောက်လှမ်းနိုင်ရမည်ဖြစ်သည်။ ပြည်သူအားလုံး၏တူညီသည့် အပြင်းပြဆုံးဆန္ဒမှာ ခရီးသွားခြင်းဖြစ်သည်။ နေရာတစ်ခုခုတွင် နေထိုင်မှုအချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲအနေဖြင့် ခရီးသွားချင်ကြသည်မှာ သဘာဝဖြစ်သည်။ ယင်းသည် လူတို့၏ စိတ်သန္တာန်၌ ဖြစ်လေ့ရှိသည့်ပြင်းပြသောဆန္ဒဖြစ်သည်။ ခရီး သွားခြင်းသည် စိတ်နှလုံးရွှင်လန်းစေပြီး မွန်းကျပ်နေသောစိတ် ခံစားချက်များကိုပြေလျော့စေကာ ပေါ့ပါးလန်းဆန်း၍ ကိုယ်စိတ် နှစ်ပါးကျန်းမာခြင်းကို ဖြစ်စေသည်။


ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါတစ်ကမ္ဘာလုံးဖြစ်ပွားနေဆဲ ဖြစ်၍ မြန်မာနိုင်ငံတွင် ခရီးအသွားအလာများကန့်သတ်ထား သည်။ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ပါက ခရီး သွားလုပ်ငန်းမှအစပြု၍ ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားနိုင် မည်ဟု ယုံကြည်ပါသည်။


ကျွန်ုပ်တို့နိစ္စဓူဝလုပ်ကိုင်သော    လုပ်ငန်းအဖြာဖြာတွင် တက်ညီ၊ လက်ညီလုပ်ကိုင်ကြရမည်ဖြစ်ပေသည်။ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်အလွန်ကာလတွင် အခက်အခဲများကြုံတွေရမည့် လူမှုစီးပွားရေးအခြေအနေများ ဦးမော့လာရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည်ဖြစ်ရာ ကမ္ဘာပေါ်တွင် နိုင်ငံစီးပွားဖွံ့ဖြိုးရေး နှင့် ပြည်သူများအလုပ်အကိုင်အဆင်ပြေရေးကို ခရီးသွားလုပ်ငန်း က များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ 


မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ကို ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ လူကုန်ကူးမှုများက ကမ္ဘာ တစ်ဝန်းတွင် တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာနေသည်။ ဘဝ ရပ်တည်မှုခက်ခဲသူများသည် တစ်ရွာမပြောင်းသူကောင်းမဖြစ် ဟူသောယုံကြည်ချက်ဖြင့် ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွား ရောက်လုပ်ကိုင်လျက်ရှိသည်။


ပြည်ပရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင် လိုပါက တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနှင့်ဆက်သွယ်၍ တရားဝင်လမ်းကြောင်းမှ သွားရောက် ရမည်ဖြစ်သည်။ လူကုန်ကူးမှုခံရသူများကို ကာကွယ်တားဆီး ခြင်း၊   ကယ်တင်ခြင်း၊   အကူအညီပေးခြင်းတို့ကိုပြုလုပ်ရာ၌ နားလည်စာနာစွာ    တက်ညီလက်ညီ    ဆောင်ရွက်စေချင်     ကြောင်း ။






အခြားဆက်စပ်သတင်းများ