ရန်ကုန်၊ စက်တင်ဘာ ၁၂
ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်၊ ဒလ-တွံတေး ကားလမ်းမဘေးတွင် စက်တင်ဘာ ၁၂ ရက်၊ နံနက် ၂ နာရီ ၂၀ မိနစ်ခန့် က ပေါက်ကွဲမှုဖြစ်ပွားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဒလမြို့ရေပေးဝေရေးရုံးရှေ့ ခြံစည်းရိုးအနီး ၁ ပေခန့်အကွာတွင် ၃ ပေ ပတ်လည် ခန့်မြက်များဖွာထွက်နေပြီး သံကြွပ်အပိုင်းအစ(၁)ခု၊ ၎င်း မှ ပေ ၃၀ ခန့်အကွာတွင် အနီ/အနက် ဝါယာကြိုး ၂ ပင်နှင့် ဆက်သွယ်ထားသည့် Telenor SIM Card ပါ ပျက်စီး နေသော အနက်ရောင် LoLo Keypad ဖုန်း(၁)လုံးတို့ကို တွေ့ရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်ပျက်စီး မှုမရှိကြောင်းနှင့်ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်ဖမ်းဆီး ရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မိုးမြင့်မောင်