ရန်ကုန်၊ စက်တင်ဘာ ၁၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက်၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် တက္ကသိုလ်လမ်း၌ မခေါန်မိုင် မောင်းနှင်လာသည့် ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက်၊ ည ၈ နာရီခွဲတွင် ဘားအံမြို့ အမှတ်(၈)ရပ်ကွက် ဘားအံ-ထုံးအိုင်သွား ကားလမ်းတွင် လင်းဇော်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ် တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၅ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ည ၉ နာရီ ခွဲတွင် ဘားအံမြို့ အမှတ် (၆) ရပ်ကွက် ရန်ကြီးအောင်လမ်းနေ ဖြိုးထက်ဦး(ခ) ငဖြိုး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၆၀၀၀ ကို လည်း ကောင်း၊ သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၉ ရက်၊ ည ၇ နာရီ ၅၅ မိနစ်တွင် သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ တည်းခိုခန်းရှေ့တွင် ရပ်တန့်ထားသည့် ယာဉ်ကို စစ်ဆေးရှာဖွေရာယာဉ်မောင်း ဇော်မြင့်(ခ)ကုလားပုနှင့် ရဲနိုင်စိုး(ခ) ကုလားတို့ကို တွေ့ရှိရပြီးယာဉ်နောက် ခန်းရှိ ဆောင်းဘောက်အတွင်းမှစိတ်ကြွ ရူးသွပ်ဆေးပြား ၈၅၈၀ ကိုလည်းကောင်း၊ ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ရပ်စောက်-ရွှေညောင်သွား ကားလမ်း မိုင်းသော်(အရှေ့) ကျေးရွာအုပ်စုဟက် ကယ်ကျေးရွာအနီးတွင် အောင်သိန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၇၈၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကိုမူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။ ဆွေဦး