ရန်ကုန်၊ စက်တင်ဘာ ၁၂
လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ အုတ်ကျင်း ဘူတာရုံလမ်းထိပ် အမှိုက်ကန်တွင် စက်တင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်က ဗုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ ယမ်းမှုန့်နှင့် သံချောင်းများ ထည့်သွင်းထားသော အရှည် ၉ လက်မ၊ အချင်း ၂ လက်မခန့်ရှိ ကြေးပန်းအိုး (၁)ခု၊ ULTRA FIRE တံဆိပ် 3.7 V ဓါတ်ခဲ(၃)လုံး၊ ဝါယာကြိုးပါ ဆားကစ်ပြား(၁)ခု၊ ဆင်းကတ်ပါ အဝေးထိန်း Remote(၁)ခုတို့ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးဖြစ်ကြောင်းတွေ့ရှိရသဖြင့်သက်မဲ့ပြုလုပ် ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး ရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မိုးမြင့်မောင်