နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ခရီးသွားလုပ်ငန်းများ ကျဆင်း ခဲ့ပြီး ကပ်ရောဂါအသွင် ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါကင်းစင်ပပျောက်ရန် ဝိုင်းဝန်း ကြိုးပမ်း

ဥရောပနိုင်ငံအချို့နှင့် အာရှနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ယှဉ်တွဲ၍ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရန် ကြိုးပမ်းနေကြသည့်နည်းတူ ခရီးသွားများ နှစ်သက်ပျော်ရွှင်စေမည့် စွဲဆောင်မှုမျိုးဖြင့်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည် ရှင်သန်ရန် ကြိုးစားလျက်ရှိသည်။  အားရဖွယ် အချက်တစ်ချက်မှာ ကမ္ဘာ့ကပ်ရောဂါကြီး ကင်းစင်ကြောင်းကြေညာပြီး မကြာမီကာလ ၌ကိုဗစ်နှင့် ယှဉ်တွဲ၍ ခရီးသွားကဏ္ဍဖော်ဆောင် ခဲ့သောနိုင်ငံများနှင့် ယခင်ကခရီးသွားများ        နှစ်ခြိုက်ခဲ့သော အပန်းဖြေအနားယူရာ နေရာတို့ တွင် ကမ္ဘာ့လှည့်ခရီးသွားတို့ဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက် နိုင်ငံခြားဝင်ငွေနှင့် ဒေသတွင်း ဝင်ငွေများ တဖွဲဖွဲရရှိနေမည်မှာ အမှန်ပင်ဖြစ် သည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နှင့် မြို့ပြ၊ ကျေးလက်တို့၏ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုသော နိုင်ငံတော် အစိုးရက “အမျိုးသားခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ"ကို ဖွဲ့စည်း၍ မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ကာ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်မှုသည် အနာဂတ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အားရ ဂုဏ်ယူဖွယ် လင်းရောင်ခြည်ပင်ဖြစ်သည်။


 ပြည်တွင်း ခရီးသွားတို့အနေဖြင့် ပင်လယ်ကမ်းခြေ အပန်းဖြေခြင်းကို နှစ်သက် ကြသည့်နည်းတူ တောင်ပေါ်သဘာဝရှုခင်း အလှ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု နှင့် ရိုးရာအစားအစာတို့ကို အထူးနှစ်သက် လေ့ရှိသည်။ နိုင်ငံခြားခရီးသွားတို့ အနေဖြင့် ရိုးသားပွင့်လင်းပြီး စေတနာဖြူစင်သော မြန်မာနိုင်ငံသားတို့ကို လေးစားချစ်ခင်မှုကြောင့် ပန်းသတင်းလေညှင်းဆောင်သည့်ပမာ မြန်မာနိုင်ငံ ၏ သဘာဝအလှတရားနှင့် တိုင်းရင်းသား တို့၏ ဖော်ရွေလှိုက်လှဲမှုကို လက်ဆင့် ကမ်းပျံ့လွှင့်မှုဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားများ တဖွဲဖွဲဝင်ရောက်ခဲ့သည်ကို ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလထိ တွေ့မြင်ကြ ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသမှုတွင် နိုင်ငံတစ်ဝန်း ဟန်ချက် ညီညီ လက်တွဲဆောင်ရွက်မှုဖြင့် ရောဂါဖြစ်ပွားမှု ကျဆင်းလာမှုသည် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်မှုဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား ကဏ္ဍတွင် ဒေသတွင်းနိုင်ငံတို့ထက် နိုင်ငံခြားခရီး သွားလာရောက်လည်ပတ်မှု၏ အသီးအပွင့်ကို ကြိုတင်ခံစားရရှိစေမည်ဖြစ်သည်။


အာဆီယံခရီးသွားလုပ်ငန်းများ ပြန်လည် ပွင့်လန်းလာစေရန် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖိုရမ်များ ကျင်းပ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းခရီးသွား ကဏ္ဍပြန်လည်ဦးမော့လာစေရန် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးကဏ္ဍကို ဖော်ဆောင်လျက် ရှိရာ ယခုအခါ တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့၌ ကျေးလက်ကို အခြေခံသော “ခရီးသွားကျေးရွာ ဖော်ဆောင်ရေးစီမံကိန်း”ကို ဖော်ဆောင်လျက်ရှိသည်။ အဆိုပါ စီမံကိန်း သည် ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြား ခရီးသွားများ နှစ်သက်စေမည့် ကျေးလက် ကို အခြေခံသော တောင်ပေါ်ဒေသခရီးသွားလုပ်ငန်း များလည်း ပါဝင်သည်။ ထိုစီမံကိန်းတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ခရီးသွားများကို စွဲဆောင်စေမည့် ကျေးလက်ခရီးသွားကဏ္ဍကို ဖော်ဆောင်ခြင်းဖြစ်ရာ တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 


ရှမ်းပြည်နယ်သည် ခရီးသွားအရင်းအမြစ်များ ပေါများပြီး ကိုဗစ်-၁၉ ရောဂါ မတိုင်မီက နှစ်စဉ်     ပြည်တွင်း၊  ပြည်ပခရီးသွားများ လာရောက်လည်ပတ် ရာ ပြည်နယ်တစ်ခုလည်းဖြစ်ခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများကျဆင်းခဲ့မှုကို ပြန်လည် ကုစားသည့်အနေဖြင့် “ရှမ်းပြည်နယ်ခရီးသွား ကျေးရွာဖော်ဆောင်ရေးစီမံကိန်း”ကို ဖော်ဆောင်ခဲ့ ခြင်းဖြစ်သည်။ ကနဦးအနေဖြင့် တောင်ပေါ် သဘာဝ အလှများစုဝေးရာ တိုင်းရင်းသားကျေးရွာ ၁၀ ရွာ ကို စတင်ဖော်ဆောင်လျက်ရှိသည်။ တောင်ကြီးမြို့  လူရိုးတောင်ကျေးရွာတွင် ရှိသောနောင်ဘိုကြာကန်၊ ဟိုပုံးမြို့ ကျောက္ကချားကျေးရွာတွင်ရှိသည့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ ဆီဆိုင်မြို့ ပန်လွန်ကျေးရွာ တွင်ရှိသော ကက္ကူဘုရားမှ ရေလမ်းအတိုင်း သွားရသည့် ရှမ်းဆန်စိုက်ပျိုးမှုနှင့် ရှမ်းရိုးရာ မုန့်ထုတ်လုပ်ရာနေရာ၊ ပင်းတယမြို့ တောကျယ် ကျေးရွာတွင်ရှိသော ရေပြာအိုင်နှင့် ရေတံခွန်၊ နောင်ချိုမြို့ ကျောက်တောကျေးရွာတွင်ရှိသော တိမ်ပင်လယ်၊ ကျိုင်းတုံမြို့ ဟိုကျင်းရွာတွင်ရှိသော အာခါတိုင်းရင်းသားကျေးရွာ၊ တာချီလိတ်မြို့ ဟွေရုန်းကျေးရွာတွင်ရှိသော အာခါတိုင်းရင်းသား ကျေးရွာ၊ နမ့်စန်မြို့ ကုန်းလမ်းကျေးရွာတွင် ရှိသော ယင်းတိုင်းရင်းသားကျေးရွာ၊ မိုးနဲမြို့ လွိုင်လင်ကျေးရွာတွင်ရှိသော ရှေးဟောင်းဘုန်းတော် ကြီးကျောင်းနှင့် ကွန်ဟိန်းမြို့ ဆိုင်းမွန်းကျေးရွာ တွင်ရှိသည့် ပလောင်တိုင်းရင်းသားကျေးရွာ တို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၈၀၀ သုံးစွဲ၍ စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည်။


အဆိုပါ ခရီးသွားကျေးရွာ ဖော်ဆောင်ရေး တွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများက အခြေခံအဆောက်အဦတည်ဆောက် ခြင်းလုပ်ငန်းနှင့် ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်းနှင့် ခရီးသွား လုပ်ငန်း သင်တန်းပို့ချခြင်းတို့ကို ဆောင်ရွက် မည်ဖြစ်သည်။ အခြေခံအဆောက်အဦတည် ဆောက်ခြင်းလုပ်ငန်းတွင် ကျေးရွာအလိုက်ခရီး သွား အခြေခံလိုအပ်ချက်များဖြစ်သော ကျေးရွာ ရေရရှိရေး၊ ကျေးလက်လမ်းပြုပြင်ခြင်း၊သန့်စင် ခန်းများတည်ဆောက်ခြင်း၊ စက်လှေဆိပ်နှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ခြင်း၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ တည်ဆောက် ခြင်း၊ သတင်းပြန်ကြားရေးနေရာများ တည်ဆောက် ခြင်း၊ ရိုးရာလက်မှုပညာများနှင့် ဒေသအစား အစာများ လက်တွေ့ပြသမည့် ပြခန်းများ ပြင်ဆင်ခြင်း၊ ရှုခင်းကြည့်ရှုမည့် View point နေရာများ တည်ဆောက်ခြင်း၊ စွန့်ပစ်အမှိုက် နေရာများ ဆောင်ရွက်ခြင်း၊ ခရီးသွားများကို စွဲဆောင်နိုင်မည့် ကဏ္ဍများဖော်ဆောင်ခြင်းတို့ကို လည်းကောင်း၊ ခရီးသွားလုပ်ငန်း သင်တန်းများ ပို့ချမှုတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းခွင် ဘေးအန္တရာယ်ရှင်းရေးသင်တန်း၊ ကျေးရွာလူထုအတွက် ခရီးသွားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် ခရီးသွားလုပ်ငန်း အခြေခံသင်တန်းများ၊ ရှေးဦး သူနာပြုစုနည်းသင်တန်းများ၊ ကျေးရွာလူငယ်များ အတွက် အခြေခံဓာတ်ပုံသင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်းများ၊ ရိုးရာ အစားအစာ ထုတ်လုပ်ရေးသင်တန်းများနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နည်း သင်တန်းတို့ကို လည်းကောင်း၊ ခရီးသွားလုပ်ငန်းဈေးကွက်         မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သော ကြော်ငြာ   ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်း၊ 3D photo များ ရိုက်ကူးခြင်း၊ မြေပုံနှင့် လက်ကမ်း စာစောင်များထုတ်ဝေခြင်း၊ ခရီးသွားကုမ္ပဏီများ ကို ဖိတ်ခေါ်၍ ဆောင်ရွက်ခြင်းတို့ကို လည်း ကောင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။


ကမ္ဘာ့ကပ်ရောဂါ အသွင်ကြုံတွေ့နေရချိန်တွင် ကမ္ဘာ့နိုင်ငံအချို့၌ ခရီးသွားကဏ္ဍကို ဖော်ဆောင် လျက်ရှိရာ ရှေ့ဟောင်းအမွေအနှစ်များစွာ ရှိ သော အီတလီနိုင်ငံ၏တောင်ပိုင်း စံမော်လီဆယ် ဒေသစံကျော်ဗားနီးအင်ဂါဒိုမြို့၌ ကိုဗစ်ကာလ ထူးခြားသော ခရီးသွားအစီစဉ်တစ်ရပ် အဖြစ် ဖော်ဆောင်လျက်ရှိသည်။ အဆိုပါမြို့ခံတို့၏နေအိမ်များတွင် အခမဲ့တည်းခိုနေထိုင်နိုင်ပြီးမြို့သမိုင်းကြောင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ တို့ကို မြို့ခံတို့က ရှင်းလင်းပြကာ တောင်ပေါ် ဒေသနှင့် ပင်လယ်ပြင်၏ သဘာဝရှုခင်းအလှ ကို ကြည့်ရှုခံစားနိုင်မည့် ခရီးစဉ်ကို Online မှ လူဦးရေအကန့်အသတ်ဖြင့် ဇူလိုင် ၄ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့ထိ ပထမအကြိမ် ခရီးသွားများကို ဖိတ်ခေါ်ခဲ့သည်။ အာရှအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားအပန်းဖြေမှုကို နှစ်သက်သော ခရီးသွား ၈၀၀၀ ကျော်က လျှောက်ထားခဲ့ပြီး ပထမအကြိမ်အဖြစ် ပြည်ပနိုင်ငံများမှ ခရီးသွား ၂၅၀ ကို စတင်အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်မှုများရရှိလျက် ကျန်သောခရီးသွား များ လည်ပတ်နိုင်ရန် ဆက်လက်အကောင် အထည်ဖော်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကြုံတွေ့နေရသော်လည်း ကိုဗစ်နှင့်အတူ ခရီးသွားကဏ္ဍကို ပုံစံသစ်အသွင်ဖြင့် ဖော်ဆောင်နိုင်မှုသည် ဒေသခံများလည်း ဝင်ငွေရရှိခဲ့ကြသည်။   ဒေသခံတို့၏ လှိုက်လှဲ ဖော်ရွေစွာ ကြိုဆိုမှု၊ သတ်မှတ်နေအိမ်များတွင် အခမဲ့တည်းခို နေထိုင်နိုင်မှု၊ တစ်ပတ်တစ်ကြိမ် မြို့ခံတို့စုပေါင်း၍  ခရီးသွားများကို ထူးခြား သော ရိုးရာဟင်းလျာဖြင့် ညစာတည်ခင်း ဧည့်ခံမှုတို့သည် နိုင်ငံခြားခရီးသွားများနှင့် အိမ်ရှင်နိုင်ငံတို့ နှစ်ဦးနှစ်ဖက် ခရီးသွားကဏ္ဍ တွင် ဆန်းသစ်သော ခရီးသွားကဏ္ဍအောင်မြင်မှု အဖြစ် တွေ့မြင်ရသည်မှာ ဝမ်းမြောက်အတုယူ ဖွယ်ပင်ဖြစ်သည်။ 


မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း၊ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသတို့ဖြင့် သဘာဝ အလှတို့ ဖုံးလွှမ်းနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သယံဇာတပေါကြွယ်ဝသည့်အပြင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာနေရာဖြစ် သောကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရန် အခွင့်အလမ်းများစွာ စောင့်ကြိုလျက်ရှိသည်။ ထိုသို့ ခရီးသွားကဏ္ဍ ကို ဖော်ဆောင်ခြင်းသည် နိုင်ငံတော်နှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများရရှိစေပြီး တိုင်းပြည် ဝင်ငွေနှင့်အတူ ခရီးသွားများ ဝင်ရောက်ရာ ကျေးလက်၊ မြို့ပြများနှင့် ခရီးလမ်းတစ်လျှောက် တွင်ရှိသော ဒေသခံပြည်သူတို့၏ လူမှုစီးပွား ဘဝများတိုးတက်မှုနှင့် ဟိုတည်နှင့် ခရီးသွား ကဏ္ဍ၏ နယ်ပယ်အသီးသီးတွင်ရှိသော ဆက်စပ်လုပ်ငန်းများ အရှိန်မပြတ်လည်ပတ်မှု ကို တွန်းအားတစ်ရပ်ရရှိစေမည်ဖြစ်သည်။ 


ယခုကာလတွင် ကျေးလက်ကို အခြေခံသော ခရီးသွားကဏ္ဍဖော်ဆောင်မှုသည် မြန်မာနိုင်ငံ ၏ အနာဂတ်ခရီးသွားလုပ်ငန်းကို အရှိန် ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ များနည်းတူ ကိုဗစ်-၁၉ရောဂါ ရင်ဆိုင် နေရချိန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ကဖော်ဆောင် ရာ၌ “ခရီးသွားကျေးရွာ ဖော်ဆောင်ရေး စီမံကိန်း”တွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မိမိတို့ဒေသတွင်အလုပ် အကိုင်အခွင့်အလမ်းများရရှိစေပြီး ခရီးသွား လုပ်ငန်းမှ ဝင်ငွေရရှိစေမည့် အခွင့်အလမ်း တစ်ရပ်ကိုလက်လွှတ်မခံဘဲ ကိုဗစ်ကာလ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးတွင်  လက်တွဲညီညီ ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြပါ စို့ဟု တိုက်တွန်း ရေးသား အပ်ပါသည်။    ။






အခြားဆက်စပ်သတင်းများ