နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသပ်ရပ်သော မြို့တော်ဆီသို့

မြန်မာနိုင်ငံတွင် မူလကတည်းက ရေမြေသဘာဝနှင့် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများအရ စိတ်ဝင်စားဖွယ် နေရာများ အမြောက်အမြားရှိနေပြီးဖြစ်သည်။ အံ့ချီးဖွယ်ကောင်း သော ရှေးဟောင်းယဉ်ကျေးမှုဗိသုကာလက်ရာများ၊ အပန်းဖြေ အနားယူရာ နေရာများလည်း သူ့ဒေသနှင့်သူ ရှိနေသည်။


ထိုအခြေခံကောင်းများကို အကြောင်းပြု၍ ရောက်ရှိလာသော ဧည့်သည်များကို ဖော်ရွေနွေးထွေးစွာ ကြိုဆိုကြသည်မှာ မြန်မာ လူမျိုးတို့၏ ယဉ်ကျေးပျူငှာအစဉ်အလာကောင်းများ ဖြစ်ပေသည်။ ရန်ကုန်မြို့သည် မိမိတို့နိုင်ငံတွင် စီးပွားရေးအချက်အချာမြို့ ဖြစ်သည့်အပြင် ဧည့်သည်များ ဝင်ထွက်သွားလာရာ မြို့တော် လည်း ဖြစ်သည်။


မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေ၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော်မှုနှင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာသော ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးမှု၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ကောင်းမွန်လာရေးအတွက် ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန် မြို့ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် ဆောင်ရွက် လျက်ရှိရာ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဆောက်အအုံများနှင့် ပန်းခြံများကို သစ်ပင်၊ ချုံပင်များ ရှင်လင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သတ်မှတ် သော ဆေးရောင်များသုတ်စေခြင်း၊ ဝင်းမခတ်သည့် ဝင်းခြံကို ပြုပြင်စေခြင်းဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၆၅ ၊ ပုဒ်မခွဲ (ည) တွင် ပြဌာန်းထားသည်နှင့် အညီ မြို့တော်နေပြည်သူများ ကိုယ်ပိုင်ခြံဝင်း၊ ဌာနခြံဝင်း ပရိဝုဏ် များအတွင်းရှိ မြက်၊ ချုံနွှယ်ပင်များ အမြင်မတင့်တယ်ခြင်းတို့ကို သန့်ရှင်းသပ်ရပ်စေရေးအတွက် မိမိအစီအစဉ်ဖြင့် ဆောလျင်စွာ ရှင်းလင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအသိပေးထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။


ရန်ကုန်မြို့ကြီး သန့်ရှင်းသပ်ရပ်လှပရေး မြို့တော်နေပြည်သူ များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သာယာစိမ်းလန်း ကြည်လင်သော မြို့တော်ကြီးဖြစ်စေရေး အထောက်အကူပြု စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ