နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Apple Music ၌ ပရိသတ် နားဆင်မှုအများဆုံး အယ်လ်ဘမ်ဖြစ်ခဲ့သည့် Drake ၏ Certified Lover Boy အယ်လ်ဘမ်

 စက်တင်ဘာ ၁၁


ကနေဒါအဆိုတော် Drake ၏ ဆဋ္ဌမမြောက် စတူဒီယိုအယ်လ်ဘမ် Certified Lover Boy ကို စက်တင်ဘာ ၃ ရက်က စတင်ဖြန့်ချိခဲ့ပြီး ယင်း အယ်လ်ဘမ်ဖြန့်ချိပြီး ၂၄ နာရီအတွင်း Apple Music တွင် ပရိသတ်နားဆင်မှု အများဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ သည်။ 


Certified  Lover  Boy အယ်လ်ဘမ်  ထွက်ရှိခဲ့ပြီးနောက် အဆိုပါ အယ်လ်ဘမ်ထဲမှ တေးသီချင်း တစ်ပုဒ်ဖြစ်သော You Only Live Twice တေးသီချင်းသည် လူမှုမီဒီယာထက်တွင် လူကြိုက်များလာခဲ့သည်။ 


You Only Live Twice တေးသီချင်း ကို Drake နှင့်အတူ  အဆိုတော် Lil Wayne နှင့် Rick Ross တို့က ပါဝင်သီဆိုပေးထားကြသည်။ 


Certified Lover Boy အယ်လ် ဘမ်တွင် တေးသီချင်းစုစုပေါင်း ၂၁ ပုဒ် ပါဝင်သည်။ Drake နှင့်အတူ အဆိုတော် Lil Durk တွဲဖက်သီဆိုထားပြီး အယ်လ်ဘမ်၏ ခေါင်းစီးတေးသီချင်း ဗီဒီယို Laught Now Cry Later ကို အယ်လ်ဘမ် မဖြန့်ချိမီ သြဂုတ်လအတွင်း ထုတ်လွှင့်ပေးခဲ့သည်။ 

Certified Lover Boy အယ်လ်ဘမ်သည်  Scorpion အယ်လ်ဘမ်ထွက်ရှိခဲ့သည့် ၂၀၁၈ ခုနှစ် နောက်ပိုင်း ဖြန့်ချိသော Drake ၏ နောက်ဆုံး အယ်လ်ဘမ်ဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ