နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားတွင် ယခုနှစ်ဝင်ငွေအကောင်းဆုံး အနုပညာရှင်အဖြစ် ရပ်တည်နေသည့် Jun Ji Hyun

စက်တင်ဘာ ၁၁


တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ချော Jun Ji Hyun ၏ ၂၀၂၁ ခုနှစ်အတွင်း ခန့်မှန်း ဝင်ငွေသည် ကိုရီးယား ဝမ် ၁၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းခန့်) ရှိနေပြီး တောင်ကိုရီးယား အနုပညာရှင်များဖြစ်သည့် Kim Soo Hyun နှင့် Yoo Jae Suk တို့ ဝင်ငွေ ထက်ပင် ပိုများနေသည်။  Jun Ji Hyun သည်  ကြော်ငြာရိုက်ကူးမှုများမှ  တစ်နှစ်လျှင် ကိုရီးယားဝမ် တစ်ဘီလျံ ခန့် ဝင်ငွေ ရ နေပြီး ယခုနှစ်တွင် Brand ၁၆ မျိုးကို ကြော်ငြာပေးထားသည်။ 


ဒုတိယဝင်ငွေ  အကောင်းဆုံး အနုပညာရှင် က မင်းသား Kim Soo Hyun ဖြစ်ပြီး ၎င်း၏ဝင်ငွေမှာ ကိုရီးယားဝမ် ၁၃ ဘီလျံခန့်ရှိကာ Yoo Jae Suk က ကိုရီးယားဝမ် ၁၀ ဘီလျံ ဖြင့် ဝင်ငွေအကောင်းဆုံး တတိယ မြောက်နေရာတွင် ရပ်တည် နေသည်။ 


စတုတ္ထမြောက် ဝင်ငွေအကောင်း ဆုံးသူအဖြစ် ကိုရီးယားဝမ် ရှစ်ဘီလျံ ရရှိထားသူက မင်းသားချော Song Joong Ki ဖြစ်ပြီး ၎င်း၏နောက်တွင် Lee Seung Ki (ကိုရီးယားဝမ်  ခုနစ် ဘီလျံခန့်)၊ Shin Dong Yup (ကိုရီးယား ဝမ်  ငါးဘီလျံခန့်) နှင့် Song Hye Kyo (ကိုရီးယားဝမ် ၄ ဘီလျံခန့်) တို့ အသီးသီးရပ်တည်နေကြောင်း သိရ သည်။    (WP)






အခြားဆက်စပ်သတင်းများ