နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် ကိုဗစ်ကန့်သတ်မှုကို စက်တင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်

တိုကျို၊ စက်တင်ဘာ  ၁၁


ဂျပန်နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်း အတာအရ ပြင်းထန်သော လူနာဦးရေ မြင့်မားနေဆဲဖြစ်သဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု  အရေးပေါ်အခြေအနေ ကာလကို   စက်တင်ဘာလကုန်အထိ သက်တမ်းတိုးရန်  အာဏာပိုင်များက ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ 


ဂျပန်နိုင်ငံတွင် ခရိုင် ၄၇ ခု အ နက် ၂၁ ခုတွင် ဇူလိုင်လ ၁၂ ရက်က အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပြီး နောက်ထိုအချိန်မှစ၍ နှစ်ကြိမ်ထပ်တိုး ခဲ့ပြီးဖြစ်ကာ ယခု တတိယအကြိမ်ထပ် တိုးမှုနှင့်အတူ ပြည်နယ် ၁၉ ခုတွင် စက်တင်ဘာ ၃၀ ရက်အထိ အရေးပေါ် အခြေအနေရှိနေမည်ဖြစ်ကြောင်း သိရ သည်။


အရေးပေါ်အခြေအနေအရ ဒေသ ခံအစိုးရများမှာ တင်းကျပ်သောကန့် သတ်ချက်များချမှတ်ရန်ဖြစ်ပြီး ယင်း တို့အနက် အများပြည်သူကိုလူနေထူ ထပ်သောနေရာများ၌ သွားလာခြင်း ရှောင်ကြဉ်ရန်နှင့် စားသောက်ဆိုင်များ တွင် အရက်မရောင်းရန်၊ ဒေသစံတော် ချိန် ည ၈ နာရီတွင် ပိတ်ရန်အတွက် တိုက်တွန်းရန် စသည့်အချက်များမှာ ဦးစားပေး ဆောင်ရွက်ရမည့်အချက် များစာရင်းတွင် ပါဝင်ကြောင်း သိရ သည်။


ဂျပန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရ ချိန်မှစ၍ ကူးစက်ခံရသူ ၁ ဒသမ ၆ သန်း ကျော်၊ သေဆုံးမှု ၁၆၅၂၅ ဦးရှိခဲ့ပြီ ဖြစ် ကာ အသက်အရွယ်ကြီးရင့်သူဦးရေ များပြား လာမှုဒဏ်ကိုခံနေရသည့် ဂျပန်နိုင်ငံမှာ ယင်း၏ကာကွယ်ဆေးထိုးနှံမှု နှေးကွေး မှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ လျက်ရှိသည်။           ရဲခေါင် (ref;NHK)






အခြားဆက်စပ်သတင်းများ