နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ရှိ ပြည်နယ် ၄၉ ခုတွင် ကိုဗစ်-၁၉ ၏ Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့နေ

နယူးဒေလီ၊  စက်တင်ဘာ ၁၁


ကိုလံဘီယာနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ၏ Mu မျိုး ဗီဇပြောင်းဗိုင်းရပ်စ်သည် အမေရိ ကန်နိုင်ငံရှိ ပြည်နယ် ၄၉ ခုတွင် ပျံ့နှံ့ လျက်ရှိကြောင်း သိရသည်။ 


မျိုးဗီဇပြောင်းဗိုင်းရပ်စ်အသစ် သည် လတ်တလော ကမ္ဘာ့နေရာ အတော်များ များတွင်   ကူးစက်ပျံ့နှံ့လျက်ရှိသော ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် (Delta variant) ထက် ပိုမိုကူးစက် မြန်ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ရေး သားဖော်ပြကြသည်။


“Mu ဗီဇပြောင်းဗိုင်းရပ်စ်မှာ အသွင် ပြောင်းဗိုင်းရပ်စ်တွေ စုစည်းနေပြီး ကိုယ်ခံအား လွတ်ထွက်မှုဖြစ်နိုင်ခြေ အလားအလာ လက္ခဏာရှိတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပြောကြားချက်ကို ကိုကား၍ သတင်းက ဖော်ပြထားသည်။


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်သည် Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေ့ရှိသူ ၃၈၄ ဦးဖြင့် အများဆုံး ဖြစ်ကြောင်း ကမ္ဘာ့သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန် နိုင်ငံသည် ဇူလိုင်လလယ်ပိုင်း၌ Mu မျိုးဗီဇ ပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှု အမြင့် ဆုံးဖြစ်ခဲ့ကြောင်း သတင်းများတွင်ရေး သားဖော်ပြထားသည်။

မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ