နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ တစ်သန်းပြည့်တော့မည်

ဧပြီ ၂၊ ဝါရှင်တန် လာမည့်ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းပြည့်မြောက်လိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲ ဂီဘရီယီဆက်က ပြောသည်။ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ ၉၃၂၆၀၅ ယောက်ရှိနေပြီး သေဆုံးသူ ၄၆၈၀၀ ရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က နှာခေါင်းစည်းများနှင့် ပတ်သက်ပြီး ယင်းတို့၏ အကြံပြုချက်ကို ပြောင်းလဲသင့်၊ မပြောင်းလဲသင့်၊ နှာခေါင်းစည်း ပိုအသုံးပြုလာအောင် လှုပ်ရှားသင့်၊ မသင့်ဆိုခြင်းကို ဆွေးနွေး နေသည်။ နိုင်ငံတော်တော်များများတွင် ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်း မလုံလောက်၍ စိုးရိမ်ပူပန်နေကြသည်။ အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်တွင် COVID-19 ရောဂါကြောင့် ၆ ပတ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်။ ဗြိတိန်လေကြောင်းလိုင်းကလည်း ယင်းတို့၏ လေကြောင်းခရီးစဉ် အများစုကို ရပ်ဆိုင်းလိုက်ပြီးနောက် ကုမ္ပဏီဝန်ထမ်း ၃၆၀၀၀ ကို အလုပ်မှဆိုင်းငံ့ရန် စီစဉ်လျက်ရှိသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ