မော်စကို၊ စက်တင်ဘာ ၁၁
နိုင်ငံတကာ အာကာသစခန်းမှ ရုရှားနိုင်ငံက တာဝန်ယူထားသော အစိတ်အပိုင်းရှိ မီးခိုးအာရုံခံသတိပေး ကိရိယာတစ်ခုမှ သတိပေးချက်ထွက် လာပြီး မီးခိုးငွေ့များ ထွက်လာကြောင်း ရုရှား အာကာသအေဂျင်စီ Roscosmos က ကြေညာလိုက်သည်။
ယင်းဖြစ်ရပ်အပေါ် ရုရှားသတင်း ဌာနများရှိ အာကာသယာဉ်မှူးများက ပလတ်စတစ် မီးလောင်နံ့ရခဲ့သည်ဟု ပြောကြားခဲ့ပြီး ယင်းကိုအချိန်မီထိန်း ချုပ် နိုင်ခဲ့ကာ စနစ်အားလုံး ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေကြောင်း RIA သတင်းဌာနကရေးသား ဖော်ပြ သည်။
လက်ရှိတွင် ရုရှားအနေဖြင့် နိုင်ငံ တကာ အာကာသစခန်းတွင် အာကာသ အတွင်း လမ်းလျှောက်မည့် အစီအစဉ် ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ယခုဖြစ်ရပ်မှာလည်း နိုင်ငံတကာ အာကာသစခန်းတွင် မတော်တဆဖြစ် ပွားလေ့ရှိသည့် အကြောင်းအရာများစွာ အနက် တစ်ခုအပါအဝင်သာ ဖြစ်ကြောင်း သိရသည်။ အဆိုပါစခန်းတွင် ပြီးခဲ့သည့် ဇူလိုင် လကလည်း ဆော့ဖ်ဝဲလ်အမှားနှင့် လူသားပေါ့လျော့မှုကြောင့် လူ ၇ ဦးရှိ သည့် အာကာသစခန်းတစ်ခုလုံး မြေပြင် အထက် မိုင် ၂၅၀ တွင် လမ်းကြောင်းလွဲ ခဲ့သော ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
ရဲခေါင် (Ref : Reuters)