နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Myanmar NGO Network မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့

ရန်ကုန်၊ စက်တင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အတွင်းရှိ တီဘီရောဂါကုသဆဲလူနာများကို Myanmar NGO Network မှ အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို စက်တင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ တီဘီရောဂါကုသ နေသည့် လူနာတစ်ဦးလျှင် ဆန် ၆ ပြည်ဝင် ၁ အိတ်၊ ဆီ ၁ ပိဿာ  ကြက်ဥ ၁၀ လုံး၊ ပဲ ၁ ထုပ်နှင့် ကွေကာအုပ်အထုပ်ကြီး ၁ ထုပ် တို့ကို  Myanmar NGO Network မှ တာဝန်ရှိသူများနှင့် မြို့နယ်                 ကြက်ခြေနီအသင်းခွဲတာဝန်ရှိသူများက လူနာနှင့်လူနာမိသားစု ဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍  Myanmar NGO Network နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတာဝန်ရှိသူများက ရောဂါဝေဒနာကြောင့် သွားလာရန် အခက်အခဲရှိသည့် လူနာများ၏နေအိမ်များသို့သွားရောက်၍ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စုစုပေါင်းထောက်ပံ့ သည့် လူနာဦးရေ ၁၂၀ ရှိကြောင်းသိရှိရသည်။

ကျော်ကျော်-လှည်းကူး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ