ရန်ကုန်၊ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၊ အမှတ် ၃ ရပ်ကွက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကာလအတွင်း ဝင်ငွေနည်းနွမ်းပါး အိမ်ထာင်စု များကို စားသောက်ရေးအဆင်ပြေစေရန် အလှူရှင် ဦးကျင်တိုး၊ ဦးရာစူးတို့ကိုယ်စား ဦးခင်ဇော်နှင့်အဖွဲ့က အမှတ် (၃) ရပ်ကွက် ကြိုက်ဟုန်းလမ်း၊ ဓမ္မဂုဏ်ရောင်ကျောင်းဆောင်၌ စက်တင်ဘာ ၉ ရက်၊ ညနေ ၃ နာရီက အိမ်ထာင်စု ၄၀၀ ကို အိမ်ထောင်စုတစ်စု လျှင် ဆန်လေးပြည်စီလှူဒါန်းရာ အမှတ် (၃) ရပ်ကွက်ရှိ ပေးဆပ်ခြင်း အလင်းရောင်လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ဦးနေဝင်းနှင့်အဖွဲ့ဝင် များက ဝိုင်းဝန်းကူညီလုပ်အားဒါနပြု ဆောင်ရွက်ပေးခဲ့ကြာင်း သိရသည်။
ကျော်ဆန်း