နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသောသောက်သုံးရေရရှိရေးဘက်ပေါင်းစုံက ဖော်ဆောင်ပေး

မင်းဘူး   စက်တင်ဘာ    ၁၀


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ မင်းဘူးမြို့နယ် ကျေးလက် နေပြည်သူများ     သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဒေသ အလိုက် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။


မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခုဘဏ္ဍာနှစ်တွင် ပုဂံစစ်ကျေးရွာ နေပြည်သူများ    သန့်ရှင်းသော  သောက်သုံးရေ     ရရှိရေးအတွက် စက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့ရေစင်တစ်ခု၊ ၁၀ ပေx ၈ ပေx ၈ ပေ ရေစက်ရုံတစ်ခုနှင့် ရွှေ သမင်များ ကျက်စားရာရွှေစက်တော် ဘေးမဲ့တောတွင် ဘေးမဲ့တိရစ္ဆာန်များ သောက်သုံးရန်အတွက် စက်ရေတွင်း တစ်တွင်း၊ ၇ ဒသမ ၅ ကီလိုဝပ်ရှိ ဆိုလာဖြင့်    ရေစက်မောင်းနှင်ခြင်း လုပ်ငန်းတစ်ခုတို့ကို ရန်ပုံငွေကျပ်သန်း ပေါင်း ၃၈ ဒသမ ၁ သန်းဖြင့် ဆောင်ရွက် ခဲ့သည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၆(SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိရေး အတွက် နယ်မြေဒေသနှင့် သင့်တော် သော နည်းလမ်းများကို စနစ်တကျရွေး ချယ်ပြီး နည်းလမ်းမျိုးစုံဖြင့် ရေရရှိရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ် ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။ 

အထွေး(ကျေးလက်)






အခြားဆက်စပ်သတင်းများ