ဇီးကုန်း စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသော မိသားစုဝင်များစားသောက်ရေးအဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူးနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို စက်တင်ဘာ ၉ ရက်၊ နံနက်က သာလိကာကျေးရွာနှင့်ပေါက်တောလေး ကျေးရွာရှိ မိသားစုဝင်များအား သွား ရောက်ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဇီးကုန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးသက်အောင်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူး အာကာဖြိုးနှင့်အဖွဲ့ဝင်များက သာလိ ကာကျေးရွာမှ အိမ်ထောင်စု ၁၁စု နှင့် ပေါက်တောလေးကျေးရွာမှ အိမ်ထောင် စု ၄၈ စုမှ မိသားစုဝင်များအား အိမ်ထောင်စုတစ်စုလျင် ဆန်(၄)ပြည်၊ ဆီ ၅၀ ကျပ်သား၊ကြက်သွန် ၅၀ ကျပ်သား၊ အာလူး ၅၀ ကျပ်သားနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း mask နှင့် hand gel များအား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ တင့်ဆွေ(ပြန်/ဆက်)