ကန်ကြီးထောင့် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၈ ရက်၊ နေ့လယ်တွင် သွားရောက်၍ မြို့နယ်ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်မှုများနှင့် ပတ်သက်၍ မေးမြန်းပြီး တိုင်းဒေသကြီး အတွင်း ရောဂါဖြစ်ပွားနေမှုအခြေ အနေများကို ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသောကျန်းမာရေး ဝန်ထမ်းများအတွက် ကျန်းမာရေး သုံးပစ္စည်းများ၊ ဆေးရုံသုံးဆေးဝါး ပစ္စည်းများနှင့် အလှူငွေများအား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ဆရာ ဝန်ကြီးဒေါက်တာရီရီခင်မှလက်ခံရယူခဲ့ကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)