ရန်ကုန်၊ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် သိန်း ၃၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၇ ရက်၊ ညနေ ၆ နာရီခန့်တွင် မိုင်းပျဉ်းမြို့နယ် ထနောင်း(၇)မိုင်ကျေးရွာအနီးတွင် ကျချေ ၃၅ နှစ်နှင့် အဲစော ၄၅ နှစ်တို့ ဆိုင်ကယ် နှစ်စီးဖြင့်သယ်ဆောင်လာသည့် ဆာလာအိတ်နှစ်အိတ်အတွင်းမှ တန်ဖိုးငွေကျပ်သိန်း ၃၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၈၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
ဆွေဦး