နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင် Raffle Ticket ရောင်းချနေသည့်တရားခံများ လက်နက်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊  စက်တင်ဘာ ၁၀


ဩဂုတ် ၂၉ ရက်တွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်၌ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ မောင်းနှင်ပြီး ဇော်ဝင်းနိုင် (ခ)အိုစမာ လိုက်ပါလာသည့် Suzuki Swift အနက်ရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ နိုင်ငံတော်မှ မတရားအသင်းကြေညာထားသည့် CRPH အဖွဲ့မှ ဖြန့်ဖြူးရောင်းချနေသော တရားမဝင် Raffle Ticket များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ၏ ထွက်ဆိုချက်အရ ဩဂုတ် ၃၀ ရက် တွင် ၎င်းနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ ဂုဏ်ရည်လမ်း၊ တိုက်အမှတ်(၈၃)၊ အခန်း(၄)သို့ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ သွားရောက်ရှာဖွေခဲ့ရာ တရားမဝင် Raffle Ticket များ ရောင်းချ ရရှိငွေ ၁၃,၂၁၈,၀၀၀ ကျပ်၊ တရားမဝင် Raffle Ticket များနှင့် ရောင်းချရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ သည်။


အဆိုပါ Raffle Ticket များကို တရားမဝင် CRPH အဖွဲ့ဝင် တရားခံပြေး စည်သူမောင် NLD ပါတီမှ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းအဖြစ် တင်သွင်းခြင်းခံရသူထံမှ   တစ်ဆင့်မှာယူခဲ့ပြီး ဝေလင်းထွန်း၊ သုန္ဒရီဦး၊ ယွန်းမြတ်သီရိတို့နှင့်အတူ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ရာ ဩဂုတ်လ ၃၁ ရက်တွင် သုန္ဒရီဦးကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီး ရပ်ကွက်၊ (၁၀၇) လမ်း၊ အိမ်အမှတ် (၁၅) ၌ လည်းကောင်း၊ ယွန်းမြတ်သီရိကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း (၉၀)၊  (၃) လွှာ၊ အခန်းအမှတ်(၄၈)၌လည်းကောင်း အသီးသီးဖမ်းဆီးရ မိခဲ့သည်။


တရားခံ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ၏ထွက်ဆိုချက်အရ Raffle Ticket ရောင်းချရရှိငွေများကို စင်ကာပူနိုင်ငံ၊ Woodlands မြို့နေ ခိုင်ခိုင်စိုးဆိုသူထံ ကျော်ညီညီမှ တစ်ဆင့်ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ကျော်ညီညီကို ဩဂုတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊  ဗဟန်းမြို့နယ်၊  ရွှေဂုံတိုင်ခုံးကျော် တံတားအနီးရှိ ယုဇနတာဝါရှေ့ကားပါကင်၌ ဖမ်းဆီးရမိခဲ့သည်။


ထို့နောက် စက်တင်ဘာ ၂ ရက်တွင် တရားခံ ကျော်ညီညီနေထိုင် သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မဟာဆွေ လမ်း၊ မဟာဆွေကွန်ဒို၊ ပထမထပ်၊ အခန်း(၁၀၂) လုံခြုံရေးတပ်ဖွဲ့ဝင် များမှ သွားရောက်ရှာဖွေခဲ့ရာ SIG SAUER P320 SP အမျိုးအစားပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ luger ကျည် ၂၃ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ချုပ်လက်စကျည်ကာအင်္ကျီ ၇ ထည်နှင့် WY ဆေးပြား ပန်းရောင် ၁၂၅ ပြားကို သိမ်းဆည်းရမိခဲ့သည်။


တရားခံ ကျော်ညီညီ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိလက်နက်ခဲ ယမ်းများကို ရွှေနန်းတော်ရွှေဆိုင် ဖောက်ခွဲဖျက်ဆီးမှုတရားခံများ ဖမ်းဆီးရမိဖြစ်စဉ်၌ ပါဝင်သည့် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီး ရေးပစ္စည်းများ ဖြန့်ဖြူးရောင်းချခဲ့သူ တရားခံ အိဖြူသန့်(ခ)Emily ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ