မိုးညှင်း စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မိုင်းညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ခွင့်ပြုဘဏ္ဍာငွေကျပ် ၇၇ ဒသမ ၈ သန်း အကုန်အကျခံကာဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးရွာပေါင်း ၆ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ ခရိုင်ဦးစီးမှူးဦးသောင်းထိုက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူ များက ယမန်နေ့တွင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးသက်ဆိုင်ရာ ကျေးရွာ ကော်မတီများနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်သည်များ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ အေးသူ