နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းက ကွန်တီကို နည်းပြအဖြစ် လုပ်ဆောင်ဖို့ ဆွဲဆောင်နိုင်မည် မဟုတ်ဟု အီတလီမီဒီယာများ ဖော်ပြ

စက်တင်ဘာ ၁၀


အာဆင်နယ်အသင်းသည်  ရလဒ် များ ဆိုးရွားနေမှုကြောင့် နည်းပြ အာတီ တာကို ထုတ်ပယ်ပြီး ကွန်တီ ကို နည်းပြ အဖြစ် ခန့်အပ်ရန် သတင်းများထွက်ပေါ် နေသော်လည်း အီတလီမီဒီယာများက အာဆင်နယ်အသင်းအနေဖြင့် ကွန်တီ ကို နည်းပြအဖြစ် လုပ်ဆောင်ရန် ဆွဲဆောင်နိုင်မည်မဟုတ်ဟု ဖော်ပြခဲ့ ကြောင်း သိရသည်။


အင်တာမီလန်အသင်း  နည်းပြ ဟောင်း ကွန်တီသည် ပြီးခဲ့သည့် ဘောလုံးရာသီက စီးရီးအေချန်ပီယံဆု ကို ရယူနိုင်ခဲ့သော်လည်း အသင်းပိုင်ရှင် များနှင့် အဆင်မပြေမှုကြောင့် အင်တာ မီလန်အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ် သည်။


“လက်ရှိအချိန်မှာ ပြဿနာတွေ အများကြီး ရှိနေတဲ့ အသင်းတစ်သင်း ကို ကွန်တီအနေနဲ့  နည်းပြအဖြစ် လုပ်ဆောင်တာထက် အသင်းလက်မဲ့ အနေအထားကိုပဲ ရွေးချယ်မှာပါ”ဟု အီတလီသတင်းသမားတစ်ယောက်က ပြောဆိုခဲ့ကြောင်း သိရသည်။   (သူရိန်)






အခြားဆက်စပ်သတင်းများ