နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးရေး၊ မွေးမြူရေးစရိတ်ချေးငွေရရှိမည့် အခွင့်အရေး

မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အခြေခံအားထားနေရ သည့် နိုင်ငံဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးပေး မြှင့်တင်ဆောင်ရွက်လျက် ရှိပေသည်။ တောင်သူလယ်သမားကြီးများ၏ အခြေခံလိုအပ်ချက် ဖြစ်သော စိုက်ပျိုးစရိတ်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အစိုးရက ယခင်ထက် တိုးမြှင့်ထုတ်ချေးပေးခဲ့သည်။


ခိုင်မာသော ပြည်တွင်းပြည်ပဈေးကွက်ရရှိရေး အချက်ပေါ် တွင် ကုန်ကြမ်းအဆင့်ဖြင့်သာ တင်ပို့ရောင်းချနေသည်မှ အဆင့်မြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် အားပေး လျက်ရှိသည်။ တောင်သူလယ်သမားများ၏ စပါးနှင့်အခြားသီးနှံ များ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီးကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ရေးအတွက် ချေးငွေများကို ရာသီအလိုက် နိုင်ငံတော်က နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား များ ဝင်ငွေတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အချိန်တိုအတွင်း ထိထိရောက်ရောက် ကြိုးပမ်း နေသည်ကို အားရဖွယ်မြင်တွေ့နေရသည်။


စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလီယံ ၂၀၀ ခန့်ရှိကြောင်း၊ ချေးငွေကို ဆိုင်းငံ့ကာလ ၁၀ နှစ် ပြန်ဆပ်ကာလ နှစ်ပေါင်း ၃၀ စုစုပေါင်း နှစ် ၄၀ အထိ သုံးစွဲနိုင်သည်။


မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာ ကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ အပါအဝင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်းသို့ ကျပ်သိန်း ၅၀၀ အထိ အတိုးနှုန်း ငါးရာခိုင်နှုန်း၊ နှစ်တို သုံးနှစ် နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက် ရှိသည်။ 


ဩဂုတ်လကုန်ထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၈၇ မြို့နယ်များမှ တောင်သူ ၅၅၅၆ ဦးသို့ ချေးငွေကျပ် ၂၂၉ ဒသမ ၂၆ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်သည်။ ပထမချေးငွေရယူထားသည့် တောင်သူများ ပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့် အခြား တောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးခြင်းဖြင့် ချေးငွေရရှိသူ တောင်သူဦးရေ များပြားလာသည်။


ချေးငွေများ ပုံမှန်ပြန်လည်ကောက်ခံရရှိရန်နှင့် ဆုံးရှုံးမှုမရှိစေ ရန် ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက် မှုနှင့်အတူ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။ တောင်သူလယ်သမားများကို အတိုးနှုန်းသက်သာစွာ ဖြင့် ချေးယူနိုင်ရေး နိုင်ငံတော်မှ အလေးထားဆောင်ရွက်ပေးနေ သကဲ့သို့ တောင်သူလယ်သမားများဘက်မှလည်း ချေးယူထားသော ချေးငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီပြန်လည် ပေးဆပ်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ