ရန်ကုန်၊ စက်တင်ဘာ ၉
တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံအတွင်း အမှိုက်ပုံးအနီး စက်တင်ဘာ ၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးရာ လက်လုပ်အသံဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူ၊ ပစ္စည်းထိခိုက် ပျက်စီးမှုမရှိကြောင်းနှင့် ပြည်သူအများထိတ်လန့်မှုဖြစ်စေရန် ပြုလုပ် သူကို ဖော်ထုတ်ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျော်သူထက်