ရန်ကုန်၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သု နန္ဒာလမ်းနှင့် ကရုဏာလမ်းဆုံ၌ စက်တင်ဘာ ၇ ရက်၊ ညနေပိုင်းတွင် လက်လုပ်မိုင်း ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးကို အကြမ်းဖက်မှု မလိုလားသည့်ပြည်သူ များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကရုဏာ လမ်းဆုံနေရာကို စက်တင်ဘာ ၇ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သူ ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးလက် လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲကာမောင်း နှင်ထွက်ပြေးခဲ့သဖြင့် အကြမ်းဖက်မှု ကိုမလိုလားသည့် ပြည်သူများနှင့်လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီး ခဲ့ရာ တရားခံများဖြစ်သည့် သိန်းဇော်(ခ)ပါကျဲ (ဘ)ဦးမြင့်ဦးနှင့် ရဲမြင့်အောင်(ဘ)ဦးသက်မျိုး တို့ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။
ဆွေဦး