ရန်ကုန်၊ စက်တင်ဘာ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌ စက်တင်ဘာ ၈ ရက်၊ မွန်းလွဲ ၂ နာရီက အခြေချစစ်ဗျူဟာ ဌာနချုပ်(တန့်ယန်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခွန်အောင်သွင်ဦးစီးသည့် ပူးပေါင်းအဖွဲ့၊ အမှတ်(၂၃) မူးယစ်တပ်ဖွဲ့စု (တန့်ယန်း)မှ ယာယီရဲမှူး ကျော်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းရယ်မြို့မရဲစခန်းမှ ရဲအုပ် ရဲမြင့် ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့(မိုင်းရယ်)မှ ရဲအုပ် မင်းနိုင်ထွန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံ ရေးတပ်ဖွဲ့(မိုင်းရယ်)မှ တပ်ကြပ်ကြီး ဇော်မင်းစိုးတို့သည် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နမ္မတုံးကျေးရွာအနီး လားရှိုးမြို့သို့ မောင်းနှင်လာသည့်ယာဉ်ကို ရပ်တန့် စစ်ဆေးရာ ယာဉ်၏နောက်ခုံကျောမှီ အတွင်း သိုဝှက်ထည့်သွင်း သယ်ဆောင် လာသည့် သေနတ်ကိုးလက်နှင့် ကျည် မျိုးစုံ ၅၉ တောင့် ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါယာဉ်ကို မောင်းနှင်လာသူ စိုင်းလင်းအောင်ခိုင် မူဆယ်မြို့နှင့်အ တူလိုက်ပါလာသူ ၎င်း၏ဇနီးဖြစ်သူ နန်းမိုအေးမူဆယ်မြို့နှင့် စိုင်းစိုးမိုးအောင် နမ့်ခမ်းမြို့ နေထိုင်သူတို့ကိုမိုင်းရယ် မြို့မရဲစခန်း၌ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေဦး