ရန်ကုန်၊ စက်တင်ဘာ ၉
စက်တင်ဘာ ၇ ရက်၊ နံနက် ၉ နာရီ အချိန်တွင် ဝက်လက်မြို့နယ်၊ အုတ်ဖို ကုန်း ကျေးရွာအနီးတွင်စိုက်ထူထုတ် လွှင့်နေသည့် Telenor ဆက်သွယ်ရေး တာဝါတိုင်တစ်ခု၏ အောက်ခြေရှိ တာဝါ တိုင်တွင် တပ်ဆင်အသုံးပြုထားသည့် စက်များကို လျှပ်စစ်ဓာတ်အားပေးသည့် ဘတ္ထရီပုံးအောက်၌ အကြမ်းဖက် သောင်းကျန်းသူများက လက်လုပ်မိုင်း တစ်လုံးထောင်ကာ ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။
ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် တာဝါ တိုင်နှင့် ဘတ္ထရီအိုးများ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရပြီး ဖောက်ခွဲရေးပြု လုပ်ခဲ့သည့် အကြမ်းဖက်သမားများ ကို ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
ဆွေဦး