ရန်ကုန်၊ စက်တင်ဘာ ၈
အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် နှင်းဆီလမ်း ထောင့် HTOO ဆီဆိုင်အနီး စက်တင်ဘာ ၈ ရက်၊ နံနက် ၆ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားသည်။ ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ 777 တံဆိပ် 9V ဘက်ထရီ (၁) လုံး တွဲလျက် LoLo Keypad ဖုန်း(၁)လုံးနှင့်အချင်း ၂လက်မခန့်ရှိ သံကြွပ်ပိုက်အပိုင်းအစများတွေ့ရှိရသဖြင့် လက် လုပ်ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မိုးမြင့်မောင်