နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေစဉ် အကြမ်းဖက်သမား ၂ ဦးက လက်လုပ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်၊  စက်တင်ဘာ ၈


စက်တင်ဘာ ၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင်  ပြည်မြို့နယ်၊ ရွာဘဲ ရပ်ကွက်ရှိ   သီရိခေတ္တရာ  ရတနာ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွား ခဲ့သည်။ 


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်ဗုံး  ပစ်ပေါက်ထွက်ပြေးသူများ ကို   ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ သတင်းဖော်ထုတ်ချက်အရ လက်လုပ် ဗုံးပြုလုပ်သူ   ပြည်မြို့၊ ကျောင်းကြီး အိုးတန်းရပ်ကွက်နေ ဇော်လင်းထက် အသက် ၃၀ နှစ်ကို  သွားရောက် ဖမ်းဆီးရာ ၎င်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် များကို ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် တာဝန်သိပြည်သူများနှင့်အတူ ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြု သည့်     ကန့်မှုန့်၊  ယမ်းမှုန့်များ၊  ဒီတိုနေတာ ၅၀ ခု၊ ဘောစိ ၆၅ လုံးတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဇော်လင်းထက် ၏ ထွက်ဆိုချက်အရ ပြည်မြို့၊ ကျောင်း ကြီး အိုးတန်းရပ်ကွက်နေ မျိုးမင်းထက် အသက် ၁၉ နှစ်၊ ရန်ပိုင်ဖြိုး အသက် ၁၉ နှစ်၊ ဝေယံကိုကို၊ ပြည်စုံအောင်တို့နှင့်အတူ လက်လုပ်ဗုံးပြုလုပ်ခဲ့ကြောင်း သိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက် ဖမ်းဆီးခဲ့ရာ မျိုးမင်းထက် နှင့် ရန်ပိုင်ဖြိုးတို့ ၂ ဦးကို ၎င်းတို့၏ နေအိမ်အသီးသီး၌ လည်းကောင်း၊ ဇော်လင်းထက်၏ ဇနီးဖြစ်သူကို ယင်း ၏နေအိမ်တွင် လက်လုပ်မိုင်းများဖြင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။       ဆွေဦး






အခြားဆက်စပ်သတင်းများ