နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်နိုင်သည့် ဆေးနှစ်မျိုးကို စတင်စမ်းသပ်

ဧပြီ ၂၊ ဆစ်ဒနီ သြစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်များမှာ သမိုင်းဝင်ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြစ်လာနိုင်သည့် ဆေးဝါးနှစ်မျိုးကို စတင်စမ်းသပ်ခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံအခြေစိုက် Inovio Pharmaceutical ကုမ္ပဏီများမှ ထုတ်လုပ်ခဲ့သည့် ဆေးဝါးများကို တိရစ္ဆာန်များဖြင့် စမ်းသပ်ကြည့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ခွင့်ပြုပေးခဲ့သည်။ ယင်းဆေးဝါးများ ထိရောက်မှု ရှိ/မရှိ၊ လူသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ သိရရန် သြစတြေးလျအမျိုးသားသိပ္ပံအေဂျင်စီက ချင့်ချိန်သုံးသပ်လျက်ရှိသည်။ တိရစ္ဆာန်များနှင့် စမ်းသပ်ရမည့် အဆင့်ကို မလုပ်ခဲ့သော်လည်း ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံတွင် လူသားများကို ပထမဆုံးအကြိမ် စမ်းသပ်မှုလုပ်ခဲ့သည်။ ကမ္ဘာပေါ်တွင် COVID-19 ကာကွယ်ဆေးဖော်စပ်ရန် ကြိုးပမ်းမှုအများအပြားကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။ ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်မျိုးကို ယခုအဆင့်အထိ စမ်းသပ်မှုလုပ်နိုင်ရန် တစ်နှစ်မှ နှစ်နှစ်အထိ အချိန်ကြာမြင့်လေ့ရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အတိုင်းအတာကြောင့် အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဟု သြစတြေးလျနိုင်ငံ ဓနသဟာယသိပ္ပံပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်း(CSIRO)မှ ဒေါက်တာဂရင်းဖဲလ်က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း CSIRO အဖွဲ့က ကာကွယ်ဆေးနမူနာများကို မြွေပါကတိုးကောင်များကို ထိုးနှံ့စမ်းသပ်ခဲ့သည်။ မြွေပါကတိုးများမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာတွင် လူသားများနှင့် ပုံစံချင်း တူညီသည်ဟု ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ