နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူနေမှုဘဝနှင့် ဆက်နွယ်သောရောဂါများ ကင်းစင်ရေး

ဆီးချို၊ သွေးချိုရောဂါသည် ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၃၅၀ ကျော်ကို ဒုက္ခပေးလျက်ရှိသည်။ အများစုမှာ ယင်းရောဂါနှင့် ဆက်စပ်သည့် အကျိုးဆက်များကိုခံစားရပြီး အရွယ်မတိုင်မီ သေဆုံးကြသည်။ နှလုံးသွေးကြောရောဂါသည် ကျောက်ကပ်ကို ပျက်စီးစေသည့် ရောဂါများထဲမှတစ်ခုဖြစ်သော သွေးချို၊ ဆီးချို ရောဂါရှင်များထဲမှတစ်ဝက်ကို သေဆုံးစေခဲ့သည်။


ကမ္ဘာပေါ်တွင် လူပေါင်း ၃၈၂ သန်း ဆီးချို၊ သွေးချိုရောဂါ ဝေဒနာခံစားနေရကြောင်း၊ ကမ္ဘာပေါ်တွင် လူပေါင်း ၅ ဒသမ၁ သန်းသည် ဆီးချို၊ သွေးချိုရောဂါနှင့် နှီးနွှယ်ရောဂါများကြောင့် သေဆုံးနေရကြောင်း၊ ခြောက်စက္ကန့်တွင် လူတစ်ဦး ဆီးချို၊ သွေးချိုရောဂါကြောင့် သေဆုံးနေရကြောင်း သုတေသီများက ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံတွင် အသက် ၂၀ မှ ၇၉ နှစ်အတွင်း လူဦးရေ နှစ်သန်းခန့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထား ပေသည်။ အဝလွန်ရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ ရပ်တန့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ဆီးချို၊ သွေးချိုရောဂါကို ကာကွယ်ကြရာတွင် လူတိုင်း အစားအသောက်ဆင်ခြင်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်တတ်ရန်လိုအပ်သည်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ် ခြင်း၊ ရေဆာလျှင် ရေကိုသာ သောက်သုံးခြင်း၊ စိတ်သောကများ ကို တတ်နိုင်သလောက် လျှော့ချနိုင်သမျှ လျှော့ချနိုင်အောင် ကြိုးစားနေထိုင်ခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို ဘက်ပေါင်းစုံမှ ကာကွယ်ရန်လိုအပ်သည်။


ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးမှုသည် ဆီးချို၊ သွေးချို ကို ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းနှစ်မျိုးစလုံး၌ အရေးပါ လျက်ရှိသည်။ ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကိုပိုင်ဆိုင်ရန် အတွက် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု သို့မဟုတ် လမ်းလျှောက်ခြင်းကို ပြုလုပ်သင့်ပေသည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရာတွင် အသက်ကြီးသူ၊ ငယ်သူ၊ အိုသူဟူ၍ မရှိဘဲပြုလုပ်သူ အရွယ်သုံးပါးလုံးကို အကျိုးပြုပေသည်။ 


လူတိုင်းလက်လှမ်းမီပြီး လွယ်လွယ်ကူကူရနိုင်ကာ ကျန်းမာ ရေးနှင့် ညီညွတ်သော စားသောက်ကုန်များကို ပိုမိုထုတ်လုပ်ကြရာ တွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူနေမှုဘဝနှင့် ဆက်နွယ်သောရောဂါများ ကင်းစင်ရေးအတွက် အထောက်အပံ့ ဖြစ်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ