နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွန့်ပစ်အမှိုက် စနစ်တကျ စွန့်ပစ်စေချင်

ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်း ဂရုပြုကြရမှာ အမှန်ပင်ဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ်သည်။ ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမည်ဖြစ်သကဲ့သို့ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်ဖြစ်သည်။ 


သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည် အမှိုက်ကိုစနစ်တကျစွန့်ပစ် သည့် အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည် ဖြစ်ပေသည်။ မိမိပတ်ဝန်းကျင်တွင် အမှိုက်သရိုက်ကင်းစင် သန့်ရှင်းမှုရှိခြင်းနှင့် အမှိုက်သရိုက်များ ပြည့်နှက်ရှုပ်ထွေးနေခြင်း ဟူသည့် အနေအထားနှစ်မျိုး၏ စိတ်ခံစားမှုချင်း အလွန်ကွဲပြား ခြားနားသည်ကို လူတိုင်း သိရှိကြမည်ဖြစ်ပေသည်။


မီးဖိုဆောင်ထွက် အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ရန်နှင့် လမ်းသွား၊ လမ်းလာများ ခရီးသည်များ သည် အမှိုက်များကို အလွယ်တကူမစွန့်ဘဲ လမ်းရှိအမှိုက်ပုံးများ ထဲသို့ စနစ်တကျ စွန့်ပစ်ရန်လိုအပ်ပေသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်ပုံးများ တိုးချထားပေးလျက်ရှိသည်။ မိမိဆန္ဒကြောင့် အခြားသူများကို မထိခိုက်စေရန်၊ သတ်မှတ်အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ရန်လိုအပ်ပေသည်။ 


ရန်ကုန်မြို့သည် လာမည့်အနှစ် ၂၀ တွင် လူဦးရေ ၁၀ သန်း ကျော်အထိ တိုးလာမည်ဟုခန့်မှန်းထားသဖြင့် သဘာဝ         ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စွန့်ပစ်အမှိုက်များကို စုပုံမှု စနစ်များ နိုင်ငံတကာအဆင့်မီ ပြောင်းလဲဆောင်ရွက်လာသကဲ့သို့ စုပုံရန်နေရာများ ထပ်မံလိုအပ်လာသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်များမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များ ကိုလည်း နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


ကျန်းမာရေးကောင်းမွန်စေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်ကောင်းမွန်သည့်နေထိုင်မှု ဓလေ့စရိုက်များအပြင် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း လေကောင်းလေသန့်ရရှိရေး၊ မိမိတို့၏ နေအိမ်၊ ရုံးဌာနများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အမှိုက်များကိုလည်း စနစ်တကျ စွန့်ပစ်နိုင်ရေး လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ထိုသို့လုပ်ဆောင်ပေးမည်ဆိုပါက ကျန်းမာရေးကောင်းမွန်မှု အတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းမှာကြားခဲ့သည်။


မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်လျက်ရှိရာ ပြည်သူများ ကလည်း ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ