နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်

ရန်ကုန်၊  စက်တင်ဘာ ၇


KNLA တပ်မဟာ(၅)အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ် အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင်း မြို့လုံခြုံရေးဆောင်ရွက် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် KNLA တပ်မဟာ(၅)အဖွဲ့က ဆေးရုံ၏ အရှေ့မြောက်ဘက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ KNLA တပ်မဟာ (၅)အဖွဲ့သည် အရှေ့ဘက် သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆေးရုံအိမ်သာနှင့် လူနာဆောင်နေရာများသို့ လက်နက်ကြီး   ကျည်များကျရောက်ပေါက်ကွဲခဲ့ရာ  ဆေးရုံ အဆောက်အဦများ အနည်းငယ်ထိမှန်ပျက်စီးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် မဲသလွတ် ကျေးရွာနေ ဒေါ်ချစ်မေ၊ အသက် ၇၈ နှစ်တွင်လည်း ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်းနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက  လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ