နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သူများ မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များကို ဖျက်ဆီး

ရန်ကုန်၊  စက်တင်ဘာ ၇


စက်တင်ဘာ ၅ ရက်၊ နံနက် ၁ နာရီခွဲ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက် ပေါက်ကျေးရွာ ဓမ္မာရုံအနီးနေ မသန်းသန်းတိုး(၄၅)နှစ် (ဘ)ဦးတိုင်းအောင်၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသည့် Ooredoo  ဆက်သွယ်ရေးတာဝါတိုင်၏ ဆက်သွယ်ရေးစက်များတပ်ဆင်ထားသည့် အထိုင်စက်ပုံးကို အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၂ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဆက်သွယ်ရေးစက်ပုံး အတွင်းမှ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။


အလားတူ နံနက် ၃ နာရီခွဲတွင်  မိတ္ထီလာ မြို့ရှောင်လမ်းအနီး သာစည်မြို့နယ်၊ ကျည်းကန်ကျေးရွာနေ ဦးဟန်ရှိန် (၅၂)နှစ်၊ (ဘ)ဦးမြင့်မောင် ပိုင်ဆိုင်သော တောင်ယာကွက်ထဲ၌ စိုက်ထူထားရှိသည့် Mytel/ Telenor/Ooredoo ဆက်သွယ်ရေးစက်များနှင့် ဘတ္ထရီအိုးများ ထည့်သွင်းထားသည့် စက်ခန်းအတွင်းသို့ အကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စက်ခန်းအတွင်း တပ်ဆင်ထားသည့် AC ပါဝါကေဘယ်ကြိုး ၃၀ မီတာ၊ Singel Bigger ၄ လုံး၊  ဆိုလာပါဝါကေဘယ်ကြိုး ၂၀ မီတာခန့်တို့ကို ဖျက်ဆီးခံထားရပြီး မီးပုလင်းပစ်ခဲ့မှုကြောင့် မီးလောင်ကျွမ်းမှုမရှိဘဲ စက်ခန်းအနီးမှ ဓာတ်ဆီနံ့ရရှိသော ပုလင်းကွဲများ တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၆ ရက်၊ နံနက် ၈ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းနှင့် ဆင်လမ်းဆည်သို့ ဆက်သွယ်ထားသည့် မြေသား လမ်းဘေးနေ ဒေါ်ဘောက်မိုင် (၅၆) နှစ် (ဘ) ဦးဂွန်ဂျာ၏ နေအိမ်ခြံဝင်းအတွင်း၌ စိုက်ထူထားသည့် Ooredoo/  Telenor ဖုန်းလိုင်းများ၏ ထပ်ဆင့်ထုတ်လွှင့်ရေး ဆက်သွယ်ရေးတာဝါတိုင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ Ooredoo ဖုန်းလိုင်း ထပ်ဆင့်ထုတ်လွှင့် ဆက်သွယ်ရေးစက်ပုံး၏ အောက်ခြေ၌ အကြမ်းဖက်သူများဖောက်ခွဲခဲ့ သည့်  လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် Ooredoo ဆက်သွယ် ရေးစက်များ ထည့်ထားသည့် စက်ပုံးပျက်စီးခဲ့ပြီး အနီးရှိ Telenor ဆက်သွယ်ရေးစက်များ အနည်း ငယ်ပျက်စီးကာ ဆက်သွယ်ရေး ဖိုင်ဘာကြိုး ၅ ချောင်း ပြတ်တောက် ပျက်စီးခဲ့သဖြင့် တန်ဖိုးငွေ  ၂၀၀၅ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။    

ဆွေဦး






အခြားဆက်စပ်သတင်းများ