ရန်ကုန်၊ စက်တင်ဘာ ၇
လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ဗဟို လမ်းနှင့် ပါရမီလမ်းထောင့်အနီး၊ လူသွားစင်္ကြန်ပေါ်တွင် စက်တင်ဘာ ၆ ရက်၊ ည ၇ နာရီ ၃၅ မိနစ်ခန့်က ပေါက် ကွဲမှုဖြစ်ပွားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ စနက်တံကြိုးစများ၊ သံပိုက်အပိုင်းအစ များကို တွေ့ရှိရသဖြင့် လက်လုပ်ဗုံး(၁)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက် ကွဲမှုကြောင့် လူ၊ ပစ္စည်းထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိကြောင်းနှင့် ပြစ်မှုကျူးလွန် သူကို ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ် တမ်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။ မိုးမြင့်မောင်