နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆူပူအကြမ်းဖက်သူများ ဖောက်ခွဲဖျက်ဆီးမှုအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊  စက်တင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်အတွင်း စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပတ်ကင်း/လှည့်ကင်းများ ဆောင်ရွက် စဉ် တရုတ်တန်း (၄)ရပ်၊ ရွှေဂွမ်းထုပ် ရပ်ကွက်၊ တောင်သမန်ကန်ပတ်လမ်း အရောက်တွင် လမ်းဘေး၌ ရပ်တန့်ထား သည့် Dream 110   အမျိုးအစား မော်တော်ဆိုင်ကယ်အမှတ်၊ ၁ယ/---- မှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးပိန် တံတားဘက်မှ တောင်သမန်ကန်ပတ် လမ်း မော်တော်ဆိုင်ကယ်များဖြင့်သွား လာနေသည့် အပြစ်မဲ့ပြည်သူများ ဖြစ် သော ဦးမင်းအောင်၊ ၆၀ နှစ်၊ (ဘ)ဦးဘအုန်း၊ ဇော်မင်းထွေး၊ ၂၄ နှစ်၊ (ဘ)ဦးစိုးမြင့်၊ ငြိမ်းချမ်းဦး၊ ၁၈ နှစ်၊ (ဘ)ဦးနိုင်ဦး ၊ မသီတာနိုင်၊ ၂၁ နှစ်၊ (ဘ)ဦးမြင့်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် လုံခြုံရေး တပ် ဖွဲ့ဝင်များက    ဒဏ်ရာရရှိသူများကို အမရပူရမြို့နယ်   ပြည်သူ့ဆေးရုံသို့   ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှု များ ခံယူလျက်ရှိသည်။


အခင်းဖြစ်ပွားရာနေရာတွင် ပေါက် ကွဲသွားသည့်   ဆိုင်ကယ်အတွင်းမှ Keypad ဖုန်းအမျိုးအစား အပိုင်းအစများ နှင့် ဖုန်းဘတ္ထရီ Singtech အမျိုးအစား ၁ ခုတို့ကို စစ်ဆေး သိမ်းဆည်းရမိသဖြင့် ရီမုခ်မိုင်း အမျိုးအစား ၁ လုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ပြစ်မှုကျူးလွန် သူများကို    အမြန်ဆုံးရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ