နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုဒ်ဝါ့ရဲ့ အမှုဆောင်ချုပ်နေရာအတွက် အစားထိုးခန့်အပ်သွားမယ့် ယူနိုက်တက်

စက်တင်ဘာ ၆


ယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် ဝုဒ်ဝါ့ဟာအသင်းက ထွက်ခွာတော့မှာ ဖြစ်လို့ အမှုဆောင်ချုပ်သစ် ခန့်အပ် သွားရမှာ ဖြစ်ပါ တယ်။ 


ပရိသတ်တွေ အမြဲလိုလိုဝေဖန်ခံ နေရတဲ့ ဝုဒ်ဝါ့ဟာ ယခုအချိန်မှာတော့ အိုးထရက်ဖို့ဒ်ကို ကျောခိုင်းတော့မှာ ဖြစ်ပါတယ်။ ၄၉ နှစ်သားဟာ ၂၀၀၅ ခုနှစ်ကတည်းက ယူနိုက်တက်မှာရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့ ပါတယ်။ 


ဒါပေမဲ့ ဧပြီလက ဥရောပစူပါလိဂ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ဝေဖန်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဝုဒ်ဝါ့တစ်ယောက် ၂၀၂၁ နှစ်ကုန်မှာ အသင်းမှထွက်ခွာ တော့မယ်လို့ ဖော်ပြထားပါတယ်။ Sky Sportsရဲ့ ဖော်ပြချက်အရ ရစ်ချက်အာနိုးလ်ဟာ   လက်ရှိ ယူနိုက်တက်ရဲ့ မန်းနေးဂျင်းဒါရိုက်တာ အဖြစ် ဆောင်ရွက်နေပြီး လာမယ့်လ အစောပိုင်းမှာ ဝုဒ်ဝါ့ရဲ့ နေရာကိုရနိုင် တယ်လို့ ဖော်ပြထားပါတယ်။ အာနိုးလ် နဲ့ အနည်းဆုံးအမှုဆောင် နှစ်ဦးလောက် ဟာ ဝုဒ်ဝါ့ရဲ့နေရာကိုရဖို့ ပြိုင်ဆိုင်ခဲ့ကြ တယ်လို့လည်း သိရပါတယ်။ 


ဥရောပစူပါလိဂ်မှာ ယူနိုက်တက် ပါဝင်တယ်လို့  ကြေညာအပြီးမှာပဲ ဂလေဇာမိသားစုနဲ့ ဝုဒ်ဝါ့တို့ပရိသတ် တွေရဲ့ ကြီးမားတဲ့ ဖိအားပေးမှုနဲ့ရင်ဆိုင် ခဲ့ရပါတယ်။ ဂလေဇာဟာ အနာဂတ်မှာ ပရိသတ်တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံ သွားမှာဖြစ်ပြီး ပရိသတ်တွေကအသင်း ရဲ့ နှလုံးသားဖြစ်တယ်လို့ ထုတ်ပြန် ကာ ယူနိုက်တက် ပရိသတ်တွေရဲ့ ပေါက်ကွဲမှုကို ဖြေရှင်းဖို့ ကြိုးစားခဲ့ ပါတယ်။

   (SO)






အခြားဆက်စပ်သတင်းများ