နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့

နိုင်ငံသားတစ်ယောက်တွင် မရှိမဖြစ်လိုအပ်သောအရာသည် နိုင်ငံသားအသိအမှတ်ပြု လက်မှတ်ဖြစ်သည်။ နိုင်ငံသားတစ်ဦး သည် မဖြစ်မနေကိစ္စအဝဝတို့ကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း နိုင်ငံသားအသိအမှတ်ပြု လက်မှတ်သည် မရှိမဖြစ်လိုအပ်သည်။ နိုင်ငံသားစိစစ်ရေး လက်မှတ်သည် ဘဝအတွက်သက်သေခံအမှတ်လက္ခဏာတစ်ခု ဖြစ်သည်။ အရွယ်ရောက်သူနိုင်ငံသားတိုင်းသည် နိုင်ငံသားစိစစ် ရေးလက်မှတ်ကို မဖြစ်မနေပြုလုပ်ထားရန်လိုအပ်သည်။


ယနေ့အခြေအနေတွင် ပြည်သူများအနေဖြင့် လုပ်ထုံး၊ လုပ်နည်းမသိ၍ လည်းကောင်း၊ မိသားစုအချက်အလက်မစုံလင်၍ လည်းကောင်း၊ အမှုမဲ့အမှတ်မဲ့ဖြင့် အဆင်ပြေသလိုနေထိုင်၍ ရနေသဖြင့်လည်းကောင်း စသည့်အကြောင်းအမျိုးမျိုးတို့ကြောင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး လက်ဝယ်မရှိသူများရှိနေဆဲဖြစ်သည်။


မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများဖြစ်သည့် မွေးရာပါ နိုင်ငံသားများအပြင် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့် အညီ နိုင်ငံသားအရည်အချင်းရှိသည့် ဥပဒေအရ နိုင်ငံသားများ လည်း ရှိနေသည်။ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၏ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများစသည်ဖြင့် ဥပဒေအရနိုင်ငံသားဖြစ်တည်မှု အရည်အချင်းအပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးကို ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက် ရှိသည်။


ယခုပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား၊ ဥပဒေအရ နိုင်ငံသား များကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။


နိုင်ငံသားစိစစ်ရေးကတ်ပြား  လျှောက်ထားရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (မူရင်းနှင့်မိတ္တူ)၊ မိဘ၊ ဘိုးဘွားနှင့် ကာယကံရှင်မွေးချင်းများ၏ ကိုင်ဆောင်လက်မှတ် (မိတ္တူ၊ မူရင်း)၊ အသက်အထောက်အထားအတွက် မွေးစာရင်း (သို့) ကျောင်း ထောက်ခံချက် (သို့) ကျောင်းသားကတ် (မူရင်း၊ မိတ္တူ) ရပ်ကွက် ကျေးရွာအတွင်းနေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ၀ ဒသမ ၈ လက်မ ပတ်လည်အရွယ် အဖြူအမည်း ဓာတ်ပုံ ၄ ပုံ၊ သွေးအမျိုးအစားစစ်ဆေးချက် (မူရင်း)တို့ ပါရှိရမည်။


အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားရာတွင် အိမ်ထောင် ဦးစီး (ဝန်ခံချက်၊ လျှောက်လွှာ)၊ မူလနေရပ်အိမ်ထောင်စုစာရင်း ရှိပါက (မူရင်း)၊ မိသားစုဝင်များ၏ ကိုင်ဆောင်လက်မှတ် (မိတ္တူ/ မူရင်း) အိမ်ပိုင်ဆိုင်မှု (သို့) အိမ်ငှားစာချုပ် (မူရင်း/မိတ္တူ) ရပ်ကွက် ကျေးရွာအတွင်းနေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့ ပါရှိရမည်။ 


သို့ဖြစ်ရာ ပန်းခင်းစီမံချက်သည် လုပ်ငန်းပမာဏကြီးမား ကျယ်ပြန့်ပြီး နိုင်ငံတော်အတွက် အရေးကြီးသောလုပ်ငန်းဖြစ်ရာ ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် အမျိုးသားရေးအသွင်ဖြင့်  ဝိုင်းဝန်းဆောင်ရွက် ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ