နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားနိုင်ငံ လာမည့်ရွေးကောက်ပွဲအတွက် EU က အလေးထားပံ့ပိုးကူညီမည်

 ထရီပိုလီ    စက်တင်ဘာ   ၅


လစ်ဗျားနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂကပံ့ပိုးကူညီမှု များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က အလေးအနက်ပြောကြားလိုက်သည်။ လစ်ဗျားအဆင့်မြင့်အမျိုးသား ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Emad Al-Sayeh နှင့်ပြုလုပ်သည့် အစည်းအဝေး တစ်ခုတွင် အီးယူသံအမတ်ကြီး Jose Antonio Sabadell က ယင်း၏အမြင်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ယင်းအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအချက်အလက်များအရ ရွေးကောက်ပွဲ တိုးတက်မှုအခြေအနေများ၊ ကော်မရှင်၏ဆောင်ရွက်မှုအဆင့်ဆင့်၊ အထူးသဖြင့်      မဲဆန္ဒရှင်မှတ်ပုံတင်သည့် လုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်မှုနှင့် နောက်တစ်ဆင့် အတွက် အရေးကြီးသောပြင်ဆင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယင်း ကော်မရှင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်    ကော်မရှင်နှင့်အတူ    ယင်းတို့ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ ဖေဖော်ဝါရီ တွင်ကျင်းပခဲ့သော ကုလသမဂ္ဂမှ ကမကထပြုထားသည့် လစ်ဗျားနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ဖိုရမ်က ညီညွတ်သောအစိုးရနှင့် သမ္မတရုံးကောင်စီမှတစ်ဆင့် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့သစ်ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယင်းတို့၏ အဓိကတာဝန်မှာ ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် အထွထွေရွေးကောက်ပွဲအတွက် ပြင်ဆင် ရန်ဖြစ်ကြောင်း သိရသည်။                                                      မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ