နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ဝန်ကြီးချုပ် လာမည့် ပါတီခေါင်းဆောင်ရာထူးတွင် ယှဉ်ပြိုင်ခြင်းမပြုဘဲ နုတ်ထွက်မည်

တိုကျို    စက်တင်ဘာ   ၅


ဂျပန်ဝန်ကြီးချုပ် ရိုရှီဟိုက်ဒဲ ဆူဂါ သည် ယခုလကုန်ကျင်းပမည့် အာဏာရ ပါတီခေါင်းဆောင်ရာထူးအတွက် ပါဝင် ယှဉ်ပြိုင်ခြင်းမပြုဘဲ ခေါင်းဆောင်သစ် အတွက် လမ်းဖွင့်ပေးသည့်အနေဖြင့် နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 


လာမည့် စက်တင်ဘာလ ၂၉ ရက် တွင်ကျင်းပမည့် အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရွေးပွဲ တွင် ဆူဂါအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားလိုက်သည့်အတွက် ယင်းသည် ဝန်ကြီးချုပ်ရာထူးတွင် တစ်နှစ်သာနေပြီး ပြန်နုတ်ထွက်သွားမည့်     သဘောဖြစ် ကြောင်း၊ ကပ်ရောဂါဆိုင်ရာအစီအမံများ ကိုသာ အာရုံစိုက်လိုကြောင်း ဆူဂါက ပြောသည်။ 


ဆူဂါသည် ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန် သည့်အစီအမံတွင် နှေးကွေးသည့်အတွက် အများပြည်သူ ကျန်းမာရေးပူပန်မှုများ ဖြစ်နေချိန်တွင် အိုလံပစ်ပွဲကျင်းပခဲ့ခြင်း အတွက် လူထုထောက်ခံမှုနှုန်း အကြီး အကျယ်ကျဆင်းနေကာ ယင်း၏ အာဏာရ ဒီမိုကရက်တစ်ပါတီသည် ဂျပန်ပါလီမန် တွင် အမတ်နေရာအများစုရရှိထားသည့် အတွက်   ရွေးကောက်ခံရသည့်   ပါတီ ခေါင်းဆောင်သစ်မှာ အစိုးရခေါင်းဆောင် သစ်အဖြစ်    ရွေးချယ်ခံရသူဖြစ်လာနိုင် ကြောင်း သိရသည်။ 


လစ်ဘရယ်    ဒီမိုကရက်တစ်ပါတီ အနေဖြင့်    ယခုနှစ်ကုန်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ခေါင်းဆောင်သစ် လိုအပ်နေကြောင်း သိရသည်။ 

ရဲခေါင် (Ref; NHK)






အခြားဆက်စပ်သတင်းများ