နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်စပ်ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများတိုးတက်ရေးအတွက် တရုတ်ကတိပြု

ပေကျင်း   စက်တင်ဘာ   ၅


နိုင်ငံတွင်း      စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင် ပွင့်လင်းမြင်သာရေးနှင့် ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် တရုတ် နိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်း နယ်စပ် ကုန်သွယ်ရေးဝန်ဆောင်မှုများတွင် ပြည်ပ လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမပြုနိုင်သည့်                                    နယ်ပယ်စာရင်း (negative list) ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကြေညာချက်ကို သမ္မတ ရှီကျင့်ဖျိန်က ယခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုများ     ကုန်သွယ်ရေးပြပွဲ (CIFTIS) မှ ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ် ရေးထိပ်သီးဆွေးနွေးပွဲတွင်     ဗီဒီယိုမှ တစ်ဆင့် ထုတ်ပြန်ပြောကြားလိုက်ခြင်း ဖြစ်သည်။ 


ယင်းအစီအစဉ်ကို ဇူလိုင်လမှစ၍ နိုင်ငံ၏ တစ်ခုတည်းသော ကုန်သွယ်ရေး ဆိပ်ကမ်းဖြစ်သည့် တရုတ်နိုင်ငံတောင် ပိုင်း    ဟိုင်နန်ပြည်နယ်တွင်   စတင် အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာရင်းတွင်    မပါဝင်သည့် နယ်ပယ်မှ ပြည်တွင်းပြည်ပဝန်ဆောင် မှုပေးသူများလည်း တန်းတူလုပ်ကိုင်ခွင့် ရမည်ဖြစ်ကာ    ဆိပ်ကမ်းတွင်လည်း ဈေးကွက်တန်းတူ     ရရှိတော့မည်ဖြစ် ကြောင်း သိရသည်။ 


တရုတ်နိုင်ငံအနေဖြင့် နည်းပညာ တိုးတက်မှုရလဒ်များကို ကမ္ဘာကိုမျှဝေ မည်ဖြစ်ပြီး ကပ်ရောဂါ အလွန် စီးပွားရေး နာလန်ထရန်အတွက် ကမ္ဘာနှင့်  လက်တွဲ လုပ်ကိုင်ရန်မျှော်လင့်ကြောင်း      ရှီက ပြောသည်။ ဝန်ဆောင်မှုများ ကုန်သွယ် ရေးသည် နိုင်ငံတကာစီးပွားရေးလုပ်ငန်း နှင့် နိုင်ငံတကာကုန်သွယ်ရေး၏ အရေး ပါသောအစိတ်အပိုင်းဖြစ်ကြောင်း ရှီက ပြောပြီး ယင်းကဏ္ဍတွင် လုပ်ထုံးလုပ်နည်း များတိုးတက်ရေးကိုလည်း တောင်းဆိုခဲ့ ကြောင်း သိရသည်။

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ