နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်အစိုးရသစ်အဖွဲ့ကို မကြာမီကာလတွင် တာလီဘန်များ ကြေညာမည်

ကဘူးလ်   စက်တင်ဘာ   ၅


တာလီဘန်တွေအနေဖြင့် မကြာမီ အာဖဂန်အစိုးရသစ်ကို ကြေညာတော့ မည်ဖြစ်ကြောင်း အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အပြန်အလှန် လေးစားမှုကိုအခြေခံပြီး၊ ရင်းနှီးစွာ ဆက်ဆံ သွားမည်ဖြစ်ကြောင်းတာလီဘန် ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက် သည်။ 


အစိုးရအဖြစ်ကြေညာမည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးကြောင်း၊ သို့ရာတွင် မကြာမီကြေညာမည်ဖြစ် ကြောင်း တာလီဘန်အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် Bilal Karmi က ပြောသည်။ တာလီဘန်တွေအနေဖြင့် အာဖဂန်တွင် လူမျိုးစုအခွင့်အရေးများ၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာ သည့် အစိုးရမျိုးဖြစ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်တွန်းအား ပေးနေခြင်းဖြစ်ပြီး အထူးသဖြင့်အမျိုး သမီးများနှင့် ပတ်သက်သောအခွင့်အရေး များကို     လေးစားအသိအမှတ်ပြုရန် ပါဝင်ကြောင်း သိရသည်။ 


တာလီဘန်များအနေဖြင့် ယခု ကာလတွင် နိုင်ငံအများစုနှင့်ကောင်းမွန် သည့် ဆက်ဆံရေးများရှိနေပြီး၊ တစ်စုံ တစ်ရာပြဿနာရှိမည်ဟု မျှော်လင့် မထားကြောင်း Karmi ကပြောသည်။ ပါကစ္စတန်မှာရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကမူ အသစ်ပေါ်လာမည့်တာလီဘန် အစိုးရသည် ယခင်အတိုင်း လုပ်ဆောင် မှုများမပြောင်းလဲနိုင်မည်ကို စိုးရိမ်သည့် အတွက် အမေရိကန်နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့များအနေဖြင့် အာဖဂန် နစ္စတန်နိုင်ငံကိုပေးမည့် ငွေကြေးအကူ အညီအစီအစဉ်များကို      ရပ်ဆိုင်း ထားကြောင်း သိရသည်။ 

မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ