နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဂျာနယ်လစ်ကို သတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ၏ ပြစ်ဒဏ်ကို ပါကစ္စတန်တရားရုံး ပယ်ဖျက်ပေး

ဧပြီ ၂၊ အစ္စလာမ်မာဘတ် အမေရိကန်ဂျာနယ်လစ် ဒန်နီယယ်ပါးလ်ကို သတ်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် အမျိုးသား၏ပြစ်ဒဏ်ကို ပါကစ္စတန်နိုင်ငံက ပယ်ဖျက်ပေးခဲ့သည်။ ဗြိတိန်နိုင်ငံတွင် မွေးဖွားသည့် ပါကစ္စတန်နိုင်ငံသား ဆာအိဒ်ရှိတ်ကို သေဒဏ်အစား ထောင်ဒဏ် ခုနစ်နှစ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ယင်း၏ရှေ့နေများက ပြောသည်။ ဆာအိဒ်ရှိတ်သည် ၂၀၀၂ ခုနှစ်ကတည်းက ထောင်ထဲတွင် အကျဉ်းကျခံခဲ့ရသူဖြစ်သည်။ ဒန်နီယယ်ပါးလ်ကို သတ်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် အခြားအမျိုးသားသုံးဦးကို ဆင်းဒ်အထက်တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။ WallStreetJournal ၏ သတင်းထောက် ဒန်နီယယ်ပါးလ်မှာ ၂၀၀၂ ခုနှစ် ဇန်နဝါရီလက ကရာချိမြို့တွင် ပျောက်ဆုံးသွားခဲ့သည်။ တစ်လအကြာတွင် ယင်းကို ခေါင်းဖြတ်နေသည့် ရုပ်သံမှတ်တမ်းရရှိခဲ့ပြီးနောက် ဒန်နီယယ်ပါးလ် သေဆုံးခဲ့ပြီဟု အာဏာပိုင်များက ပြောသည်။ ထို့နောက်တွင် ဆာအိဒ်ရှိတ်ကို အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးတရားရုံးက အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။ သို့သော် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ အဆိုပါလူသတ်မှုကို လေ့လာခဲ့သည့် အမေရိကန်ဂျာနယ်လစ် များအဖွဲ့က ဒန်နီယယ်ပါးလ် အသတ်ခံရမှုအတွက် ဆာအိဒ်ရှိတ်တွင် အပြစ်မရှိဟု ဆိုသည်။ ဒန်နီယယ်ပါးလ်ကို သတ်ဖြတ်ခဲ့သူမှာ ဂွာတာနာမိုအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ခါလစ်ရှိတ်မိုဟာမက်ဆိုသူဖြစ် ကြောင်း ယင်းတို့က ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ