နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကြိုးပမ်းလုပ်ဆောင်

လူသည် တစ်ဦးတစ်ယောက်တည်းနေ၍ရသည့် သတ္တဝါမျိုး မဟုတ်ဘဲ အဝန်းနှင့် အဝိုင်းနှင့် စုစုစည်းစည်းနေကြရသည်။ ထိုအစုအဝေးတို့အတွက် စုစည်းခိုင်မာစေမှုကို သမဝါယမသည် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည်ဟု ဆိုချင်ပါသည်။


သမဝါယမစနစ်၏ အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲ ခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ် ခြင်းတို့ဖြစ်ပေသည်။ သမဝါယမလုပ်ငန်းသည် တစ်ဦးတစ်စု၊ တစ်ဖွဲ့၏ အတ္တအကျိုးအတွက် ဦးတည်ဆောင်ရွက်နေသော စီးပွား ရေးလုပ်ငန်းမျိုးမဟုတ်ပေ။    အများအကျိုးကို သယ်ပိုးဆောင်ရွက် ရသောလူမှုစီးပွားရေးလုပ်ငန်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်မှ ဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ ၁၉၀၅ ခုနှစ် မှစ၍ မြန်မာနိုင်ငံတွင်    သမဝါယမပေါ်ပေါက်လာခြင်းဖြစ်ရာ နှစ်ပေါင်း ၁၁၆ နှစ်ရှိခဲ့ပြီဖြစ်သည်။


ယနေ့မြန်မာနိုင်ငံရှိ  သမဝါယမအသင်းများသည်  ယခင် ၁၉၇၀ ပြည့်နှစ်သမဝါယမအသင်းဥပဒေကိုပယ်ဖျက်ပြီး အပြည် ပြည်ဆိုင်ရာသမဝါယမမူနှင့်ညီညွတ်စွာရေးဆွဲထားသော အသင်း ဥပဒေ၊ ၂၀၁၃ ခုနှစ် သမဝါယမနည်းဥပဒေများနှင့်အညီ အသင်း အမျိုးအစားအလိုက် မိမိတို့၏အသင်းနယ်နိမိတ်အတွင်း ပြည်သူ များ၏လူမှုအကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသောအသင်း များဖြစ်သည်။


ယနေ့သမဝါယမအသင်းများ၏ ဦးတည်ချက်မှာ ပြည်သူများ ၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရင်းမှ နိုင်ငံတော်ဖွံ့ဖြိုးမှုအား သမဝါယမစီးပွားရေး နည်းလမ်းများဖြင့် တစ်ဖက်တစ်လမ်းမှကူညီရန် ဖြစ်သည်။ နိုင်ငံ ပေါင်း ၁၀၀ ကျော်တွင် သမဝါယမအသင်းများသည် ပြည်သူ များ၏  ဘဝဆိုင်ရာလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပံ့ပိုးပေးလျက်ရှိသည်။


အောင်မြင်သောသမဝါယမစနစ်ကို ထူထောင်၍ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်   လူမှုစီးပွားဘဝမြှင့်တင်ရာတွင်   အခြေခံ ပြည်သူများ၏ဆင်းရဲမှုနှုန်းကို လျှော့ချရေးကုလသမဂ္ဂ၏ ထောင်စု နှစ်ရည်မှန်းချက်အကောင်အထည်ဖော်ရေးတွင် တိုင်းပြည်စီးပွား တိုးတက်ဖွံ့ဖြိုးရေးအတွက်  လက်တွေ့ကျသော မှန်ကန်သော လုပ်ငန်းစဉ်ဖြစ်သည်။


လက်လုပ်လက်စားဆင်းရဲသားများအတွက် အရေးတကြီး ငွေလိုအပ်သည့်အခါတိုင်း အမြဲတမ်းအဆင်သင့်ရှိနေသည့် မူးတိုး၊ မတ်တိုး၊ နေ့ပြန်တိုးများအောက်မရောက်ချင်ဘဲ ရောက်သွားကြ ရသည်။ ငွေကြေးအလွယ်တကူရရှိကြသော်လည်း ပြန်ဆပ်ရမည့် အချိန်များတွင် မျက်ကလူးဆန်ပျာ  မျက်ဖြူဆိုက်ကြရသည်။ သမဝါယမအသင်းဝင်များအား ယခင်က သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ငွေထုတ်ချေးပေးခဲ့သည်။


သမဝါယမအသင်းများ၏ အခြေခံစွမ်းအားမြှင့်တည်ဆောက် ထားသော CBP CL ဘဏ်ခေါ် သမဝါယမဘဏ်ကြီးတစ်ဘဏ် ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှ သမဝါယမအသင်းသားများအတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။ 


သို့ဖြစ်ရာ သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းများ တွင်  ကျရာတာဝန်ကိုထမ်းဆောင်နေကြသော အသင်းသား ပြည်သူများအတွက် နိုင်ငံအကျိုးတိုးမြှင့်ဖော်ဆောင်ရန် အခွင့် အလမ်းများဖြစ်ပေါ်နေသည်ဟု ဆိုချင်ပါကြောင်း ။    ။






အခြားဆက်စပ်သတင်းများ