နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့ပတ်ရထားပေါ်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် မီးရထားရဲတပ်ဖွဲ့ထံမှ ယူဆောင်သွားသည့် လက်နက်/ခဲယမ်းများနှင့် ပြစ်မှုကျူးလွန်သည့် တရားခံများ ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၅


ဩဂုတ် ၁၄ ရက်တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန် -လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိရာ ယင်းတို့အား အလုံဘူတာနှင့်ပန်းလှိုင်အကြားတွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီးတစ် ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက် နှင့်ခဲယမ်းအချို့ကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ယူဆောင် သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားခံများ အား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် အကြမ်းဖက် သမားများ ယူဆောင်သွားသည့် လက်နက်/ခဲယမ်းများ ပြန်လည်ရရှိစေရေးအတွက် အပူတပြင်း ကြိုးပမ်းဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် တက္ကစီယာဉ်အမှတ် 1H/6927 AD Van အမျိုးအစား အဖြူရောင်ယာဉ်နှင့် GG/ 6266 Fielder အမျိုးအစား ခဲရောင်တက္ကစီ ယာဉ်တို့ကို ယာဉ်အမှတ်အတုများ ပြောင်းလဲ ၍ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ သည်။ ထို့နောက် ယာဉ်အမှတ် 1H/6927 နှင့်ပတ်သက်၍ ယာဉ်မောင်း ဝင်းထွဋ်နှင့် ဆက်စပ်သူများအားလည်းကောင်း၊ ယာဉ်အမှတ် GG/ 6266 နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ကျော်မင်းနှင့် ဆက်စပ်သူများအား လည်းကောင်း အသီးသီးဖော်ထုတ်ရရှိနိုင်ရေး ဆောင်ရွက်မှုများနှင့် အခြားရရှိဆက်စပ်သတင်း များအရ စက်တင်ဘာ ၃ ရက် နံနက်ပိုင်း တွင် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ ဒဂုံလွင်လမ်း၊ မဟာနွယ်လမ်းနှင့် ဇေယျသုခလမ်း ထောင့်ရှိ တိုက်အမှတ်(၇)၊ အခန်း (၃၀၂) (ဘီ) အား ဝင်ရောက်ရှာဖွေခဲ့ရာ မသင်္ကာဖွယ် ၃ ဦး ဖြစ်သည့် ကျော်ဝင်းစိုး(ခ) ကျော်ကြီး (၃၃)နှစ်(ဘ) ဦးမောင်ရီ(ပခုက္ကူဇာတိ)၊ ကောင်းပြည့်စုံဦး(ခ) စိန်စိန်(ခ) ကတုံးမ(၂၇)နှစ်(ဘ) ဦးမောင်မောင်ဦး (မရမ်းကုန်း)၊ ဆန်းမင်းအောင် (၂၄)နှစ်(ဘ) ဦးကျော်စွာမင်း (ဒေးဒရဲ)တို့ကို တွေ့ရှိထိန်းသိမ်း နိုင်ခဲ့သည်။


ယင်းတို့၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသူများဖြစ်ကြောင်း သိရ ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်(2/A)မှန်ခန်းသို့ ဆက်လက်သွားရောက် ရှာဖွေခဲ့ရာ မြတ်ဖြိုးပွင့်(ဘ) ဦးတင်ထွဋ်အား တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ်နှစ်အိတ်အတွင်း ထည့်ထားသည့် လက်နက် ၄  လက်ကို တွေ့ရှိခဲ့ပြီး ယင်းလက်နက် များသည် မီးရထားရဲတပ်ဖွဲ့ထံမှ ယူဆောင် သွားသော လက်နက်များဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။


ယင်းအပြင် တိုက်ခန်းသို့ ပြန်လည်ဝင်ရောက် လာသည့် ဇေယျာဖြိုး(ခ)တရုတ်လေး (၃၂) နှစ် (ဘ) ဦးမြတ်နိုင် (ကြည့်မြင်တိုင်)အား ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းတို့၏ ထွက်ဆိုချက် အရ အဖွဲ့အား ဦးဆောင်ခဲ့သူ လင်းလင်း(ခ) နေလင်းထိုက်(ခ) ထဆင်ထူး(ခ) ဗိုလ်လပြည့်ဝင်း နေထိုင်သည့် ဒဂုံ(မြောက်)၊ မ-၁၅၀(၃၁)ရပ်ကွက်၊ ဇေယျဒီပ(၁)လမ်းအိမ်အား သွားရောက်ရှာဖွေ ခဲ့ရာ တွေ့ရှိခြင်းမရှိဘဲ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ယင်း၏ သူငယ်ချင်းဖြစ်သူ မဥမ္မာနေထိုင်သည့် စမ်းချောင်းသို့ ထွက်ခွာ သွားကြောင်းသိရှိရသည့်အတွက် အဆိုပါနေအိမ် အား ထပ်မံရှာဖွေခဲ့ရာ ယင်းနေအိမ်မှ တစ်ဆင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။


တရားခံများ၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်များ  သိုဝှက်သိမ်းဆည်းထားသည့် အောင်ကြီး (တိမ်းရှောင်)နေထိုင်သည့် တိုက်(၄၄)၊ ရန်ကြီး အောင်လမ်း၊ မုန့်လက်ဆောင်းကုန်း (မြောက်)၊ စမ်းချောင်းသို့ သွားရောက်ထပ်မံ ရှာဖွေခဲ့ရာ Hytera စာတန်းပါ အထိုင်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကောင်းပြည့်စုံဦးသည် သင်္ဘောသားအလုပ် လုပ်ကိုင်နေရာမှ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရန်ကုန်သို့ ပြန်လာခဲ့ပြီး ယင်း၏အဒေါ်မှာ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်းဒေသကြီး၊ (လဝက)ဝန်ကြီးဟောင်း)အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ကြောင်း၊ ယင်းနှင့် (ဇေယျာဖြိုး)၊နေလင်းထိုက်၊ သီဟ၊ မိုးသူကြီး၊ ပုချေအပါအဝင် ၂၅ ဦးခန့် ဖြင့် မတ် ၂၂ ရက်တွင် KNU တပ်မဟာ(၃)နယ်မြေ၌ အကြမ်းဖက်တိုက်ခိုက်ရေးသင်ခန်း စာများကို သင်ကြားခဲ့ပြီး မေလအတွင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း၊ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းတွင် ဒဂုံ(မြောက်)နေအိမ်တွင် နေလင်းထိုက် ဦးဆောင်ပြီး ကောင်းပြည့်စုံဦး၊ ကိုဇော်၊ ရှမ်းလေး၊ မဖြိုး၊ ဇေယျာဖြိုးအပါအဝင် ၁၅ ဦးခန့်မှ မီးရထား ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ကြရန် တိုင်ပင်ခဲ့ကြ ကြောင်း၊ ထိုသို့တိုင်ပင်ခဲ့ရာတွင် ရထားပေါ်သို့ စောင့်ကြည့်လေ့လာရန်အတွက် ဆန်းမင်းအောင် (ဖမ်းမိ)၊ ကျော်ကြီး(ခ) ကျော်ဝင်းစိုး(ဖမ်းမိ)နှင့် ကိုရှိုင်း (ဖမ်းဆီးရန်ကျန်) ၃ ဦးမှ တာဝန်ယူပြီး ကောင်းပြည့်စုံဦး၊ နေလင်းထိုက်၊ ကိုဇော်၊ ရှမ်းလေး၊ အောင်ကြီး၊ ကျော်လေးတို့က ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရန် တာဝန်ယူခဲ့ကြ ကြောင်း၊ ရထားမောင်းများကို သေနတ်ဖြင့် ချိန်ရွယ်ထိန်းသိမ်းရန်အတွက် နန္ဒ(ခ)ဂျာကြီးပါ ၃ ဦးမှ တာဝန်ယူခဲ့ကြကြောင်း သိရသည်။


ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် မီးရထား ရဲများရှိရာ တွဲနံပါတ် ၄ သို့ သွားရောက်ပြီး ဆန်းမင်းအောင်အပါအဝင် ၄ ဦးမှ သွားရောက်၍ အခြေအနေအား စောင့်ကြည့်ခဲ့ကြောင်း၊ ရှမ်းလမ်း ဘူတာတွင် နေလင်းထိုက်နှင့် ရှမ်းလေးတို့ တက် လာခဲ့ပြီး အလုံဘူတာမှ ပန်းလှိုင်ဘူတာသို့ ထွက်ခွာလာစဉ် ကြိုတင်တိုင်ပင်ထားသည့် အတိုင်း ရဲတပ်ဖွဲ့ဝင်များအားပစ်ခတ်၍ လက်နက် များကို နေလင်းထိုက်အဖွဲ့က ယူဆောင်၍ အငှားယာဉ်များဖြင့်လည်းကောင်း၊ ကောင်းပြည့် စုံဦး အပါအဝင် ၃ ဦးသည် ဟွန်ဒါစီဗစ်ယာဉ် ဖြင့်လည်းကောင်း ထွက်ခွာသွားခဲ့ကြောင်း သိရ သည်။


ယင်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖုန်း Group တွင် ရေးသားထားမှုအရ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်များကို သိမ်းဆည်းရာတွင် လုံခြုံစိတ်ချ စေရန် မောင်သော်(ခ) ဖြိုးဇေယျာသော် (NLD လွှတ်တော်အမတ်ဟောင်း)ထံ၌ သိမ်းဆည်းထား ခဲ့ကြောင်း၊ ထို့နောက် ဇေယျာဖြိုးမှ ယင်း၏ ချစ်သူ မြတ်ဖြိုးပွင့်အား ဖုန်းဖြင့်ဆက်သွယ် ၍ လက်နက်များကို (နေမင်း)က လာပို့မည် ဖြစ်ကြောင်း၊ လက်နက်များလာပို့လျှင် သိမ်းဆည်း ထားရန် မှာကြားခဲ့သဖြင့် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်များထည့်လာသည့် ဂစ်တာအိတ်နှစ်အိတ်ကို 2J/1902 Camery ခဲရောင်ကားဖြင့် သင်္ဃန်းကျွန်းအိမ်သို့ လာရောက် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များ ရှာဖွေသိမ်းဆည်းခြင်းခံခဲ့ရ ကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ