နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသောရေသုံးစွဲရေး

ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမမာဖြစ်သည့်အခါမှ သိရ သည်ဟု လူအများက ဆိုကြသည်။ မကျန်းမမာဖြစ်ပြီဆိုလျှင် စိတ်သွားတိုင်းကိုယ်မပါသွားချင်တိုင်းသွား၍မရ စားချင်တိုင်း လည်းစား၍မရ စိတ်နှင့်ကိုယ် သဟဇာတမဖြစ်ချေ။ လူအများစု သည် ကျန်းမာနေသည့်အခါတွင် ကျန်းမာရေးအတွက်လုပ်ဆောင် ရမည့်အလုပ်ကို သတိမူလေ့မရှိကြချေ။


ဤသို့ဆိုလျှင် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသည့် ကျန်းမာရေးဝန်ထမ်းများ၏သတိပေး စကားကိုပစ်ပယ်မိသည်ဟု ဆင်ခြင်မိသည်။ အမှန်စင်စစ်လူတိုင်း သည် ရောဂါကိုဖြစ်မှကုသခြင်းထက် မဖြစ်ပွားမီကျန်းမာရေးကို ညီညွတ်မျှတအောင် နေထိုင်စားသောက်ခြင်းကို အလေးထား ထိုက်ပေသည်။


လူတစ်ဦးတစ်ယောက် ရောဂါဖြစ်ရခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း၊ ကူးစက် ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်း ခြင်းစသည့် အချက်သုံးချက်ပင်ဖြစ်သည်။


မိမိနေအိမ်၊ ကျောင်း၊ ရုံးစသည်တို့၌ သန့်ရှင်းရေးသည် အရေး ကြီးပါသည်။ အမှိုက်သရိုက်များ တွေ့ရာနေရာစွန့်ပစ်ခြင်း၊ ကွမ်း တံတွေးများစည်းကမ်းမဲ့ထွေးခြင်းတို့သည်     ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထား သင့်ပါသည်။


ထို့အတူ လူတိုင်းသန့်ရှင်းသော သောက်သုံးရေကို သုံးစွဲသင့် သည်။ ယင်းအပြင် သန့်ရှင်းသောအစားအသောက်များကို  သန့် ရှင်းသပ်ရပ်စွာ ဖုံးအုပ်၊ ကိုင်တွယ်၊ ချက်ပြုတ်စားသောက်သင့် သည်။ မြေအသုံးချမှုစနစ်လွဲမှားမှုများကြောင့် ရေထုညစ်ညမ်း ခြင်း၊ သန့်ရှင်းသောသောက်သုံးရေရှားပါးလာခြင်း၊ ဆည်နှင့် ရေလှောင်တမံများ၌ သဲ၊ နုန်းပို့ချခြင်း၊ တိမ်ကောလာခြင်း၊ မြေ အောက်ရေများ ဆုတ်ယုတ်လာခြင်းစသည်တို့ ကြုံတွေ့လာနေရ ပေသည်။


လူတစ်ဦးချင်း၏ တစ်ကိုယ်ရေသန့်ရှင်းရေးသည် အရေးကြီး ဆုံးဖြစ်ပေသည်။ အထူးသဖြင့် လက်သန့်ရှင်းရေးကို သတိပြုသင့် သည်။ အစာစားရာတွင် လက်ကိုအသုံးပြုခြင်းဖြစ်၍ လက်သန့် ရှင်းရေးသည် အရေးကြီးသည်။ အစာမစားမီလက်ဆေးခြင်း၊ အိမ်သာ ရေအိမ်ဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေး ခြင်းစသည့်အလေ့အထများကို ကလေးလူကြီးမရွေးပြုကျင့်သင့် သည်။ 


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ် ပွားနေသော ကိုဗစ်-၁၉ ရောဂါအတွက် ကုသထိန်းချုပ်ရေးလုပ် ငန်းများကို အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ နေအိမ်ပြင်ပထွက်ခွာ တိုင်း Mask ဝတ်ဆင်ရေး၊ အိမ်တွင်း၌သာနေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းတို့ကို နှိုးဆော်အသိပေးထားသည်။

သို့ဖြစ်ရာ သန့်ရှင်းသောရေကိုအသုံးပြုခြင်းဖြင့် ကျန်းမာရေး  အထောက်အကူပြုကျန်းမာခြင်းဆုလာဘ်၏ အထောက်အပံ့ဖြစ် စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ