နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဆေးရုံများ အောက်ဆီဂျင်ပြတ်လပ်မှု ကြုံတွေ့

နယူးယောက်  စက်တင်ဘာ   ၄


အမေရိကန်နိုင်ငံအနှံ့ရှိ ဆေးရုံများသည် ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် လူနာများအား အဓိက ကုသပေးနေရ သောကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုများဖြင့်    ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။ 


ယခုနှစ် ဒီဇင်ဘာလတွင်   ကိုဗစ်-၁၉   ရောဂါကြောင့် နောက်ထပ် လူဦးရေ ၁၀ဝ,ဝ၀ဝ သေဆုံးနိုင်ကြောင်း မကြာ သေးမီက ဝါရှင်တန်တက္ကသိုလ် ခန့်မှန်းတွက်ချက်မှုကို သတင်း များတွင် ဖော်ပြခဲ့သည်။ ယင်းခန့်မှန်းချက်သည်ကြောက်စရာ ကောင်းသော်လည်း အမေရိကန်နိုင်ငံသားများ ကာကွယ်ဆေး ပိုမိုထိုးနှံပါက ကာကွယ်နိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတ် မတည့်မှုနှင့် ကူးစက်ရောဂါဌာနညွှန်ကြားရေးမှူး Anthony Fauci ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ 


အသက်အရွယ်အုပ်စုအမျိုးမျိုးတွင် Delta မျိုးဗီဇပြောင်းပိုး ကူးစက်ခံရနိုင်ကြောင်းဖော်ပြခဲ့ပြီး ကလေးငယ်များသည် အန္တရာယ်ပို၍မြင့်တက်လာကြောင်းနှင့် အမေရိကန်နိုင်ငံရှိ ကလေးများသည် ယခုနှစ် အစောပိုင်းလများကထက် ပြီးခဲ့ သောလတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတင်ကုသရမှုပိုများ ကြောင်း သိရသည်။                      

          ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ