ရန်ကုန် စက်တင်ဘာ ၃
ဗဟန်းမြို့နယ် မြို့မရပ်ကွက် ကန်တော်ကြီးရှေ့ ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ လူကူးခုံးတံတားပေါ်တွင် စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က မသင်္ကာဖွယ် အထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာ လူကူးတံတား စက်လှေကား ဘယ်ဘက်ထိပ်တွင် ပန်းရောင်ကော်ဘူးဖြင့် ပြုလုပ်ထား သောလက်လုပ်ဗုံးတစ်လုံး၊ အနီရောင် Keypad ဖုန်းတစ်လုံး၊ 3.1 Vဓာတ်ခဲ တစ်လုံး၊ 9 V ဓာတ်ခဲတစ်လုံး၊ ခလုတ် တစ်ခု၊ ဆားကစ်ပြား သုံးခု၊ ရှော့တိုက် စနစ်ကွိုင်တစ်ခု၊ ယမ်းမည်း၊ ဘောစေ့ များနှင့် စက်လှေကား ညာဘက်ထိပ် တွင် ပန်းရောင်ကော်ဘူးဖြင့် ပြုလုပ် ထားသော လက်လုပ်ဗုံးတစ်လုံး၊ 3.1 V ဓာတ်ခဲတစ်လုံး၊ 9 V ဓာတ်ခဲတစ်လုံး၊ အရိပ်ချဆင်ဆာတစ်ခု၊ဆားကစ်ပြား သုံးခု၊ ရှော့တိုက်စနစ်ကွိုင်တစ်ခု၊ ယမ်းမည်း၊ ဘောစေ့များ တွေ့ရှိရသဖြင့် လက်လုပ်ဗုံးများကို သက်မဲ့ပြုလုပ် ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်းနှင့် လက်လုပ်ဗုံးချသူများကို ဖော်ထုတ် ဖမ်းဆီးရမိရေး CCTV မှတ်တမ်းများ၊ ပတ်ဝန်းကျင် သက်သေများကို ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ မိုးမြင့်မောင်