နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းရင်းဆေးနှင့် သုတေသနလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

ယနေ့အချိန်အခါတွင် မြို့ပြနှင့်ကျေးလက်ဒေသနေပြည်သူ များသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါး များကို အားကိုးယုံကြည်စွာအသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်းပါးသောအစွန်အဖျားဒေသ များအထိ  မြန်မာ့တိုင်းရင်းဆေးဝါးနှင့်  ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။


ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက် ဆက် အမွေဆက်ခံလာသောတိုင်းရင်းဆေးဝါးများ၏ ကုသမှု နည်းများ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့်စနစ်တကျ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို  ကုသနိုင်သောရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။


အနောက်တိုင်းဆေးပညာ၏    စွမ်းဆောင်မှုကြီးမားခြင်း‌ ကြောင့် အချို့သောလူမျိုးများ၏ရိုးရာတိုင်းရင်းဆေးပညာများ မှေးမှိန်ခဲ့ရကြောင်း၊ ဆေးသိပ္ပံပညာရပ်တိုးတက်ဖွံ့ဖြိုးလာသော ကာလများတွင်  မိမိတို့အာရှဒေသမှ နိုင်ငံနှင့်လူမျိုးများသည် ဘိုးစဉ်ဘောင်ဆက်တိုင်းရင်းဆေးပညာကို  တစ်နည်းတစ်လမ်း       ထိန်းသိမ်းမှီခိုအားထားနေဆဲဖြစ်ပေသည်။ 


မြန်မာနိုင်ငံအတွင်း သဘာဝအလျောက်ပေါများစွာ ဖြစ်ထွန်း နေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ၊ ရေထွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက်ဆေးဖက် ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါး အဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။


မြန်မာ့တိုင်းရင်းဆေးပညာသည် အများပြည်သူအားကိုး အားထားပြုရသော ပညာရပ်ဖြစ်ပါကြောင်း တိုင်းရင်းဆေးကျမ်း များတွင် ရှေးယခင်ကတည်းက အဖျားရောဂါများနှင့်ပတ်သက်၍ ကုသခဲ့သောတိုင်းရင်းဆေးဝါးများရှိကြောင်း၊ မာဝေနိဒါန်းဆေး ကျမ်းတွင်လည်း  ဝိသမအဖျားအမျိုးမျိုးအတွက် ဆေးခါးကြီး          ပါဝင်သောတိုင်းရင်းဆေးဖုံဖြင့်  ဖော်စပ်အသုံးပြုထားသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ ဆေးဝါးများကို ပြန်လည်ဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဆေးဖက်ဝင်အပင်များဖြင့် ကိုဗစ်-၁၉ ရောဂါအတွက်အသုံးပြုရန်     သုတေသနများပြုလုပ်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းဆေးဝါးများကို ပြန်လည်ဖော်ထုတ် အသုံးပြုရာတွင် Ethical Board အဖွဲ့၏ခွင့်ပြုချက်ဖြင့် သုတေ သနလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတွက် အသုံးပြုမည့်တိုင်းရင်းဆေးဝါးကို Clinical Research လုပ်ရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ် တို့ကလည်း ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရင်း ဆေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများဆောင်ရွက် နိုင်ရေး    ညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာ ၁ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Central CommandCenter ခန်းမတွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ထည့်သွင်းပြောကြားခဲ့သည်။


ယနေ့ခေတ်ကာလများတွင် သုတေသနပညာရှင်များသည် တိုင်းရင်းဆေး၏အစွမ်းအာနိသင်ကို လေ့လာမှုပြုပြီး သိပ္ပံနည်းကျ အထောက်အထားများ၏ခိုင်မာမှုကြောင့် သဘာဝဆေးဝါးများ ဖြစ်သည့် တိုင်းရင်းဆေးအပေါ်တွင် မှီခိုအားထားမှုများတိုးတက် များပြားလာသည်ကို တွေ့ရပေသည်။ သို့ဖြစ်ရာ သတ်မှတ်အရည် အသွေးပြည့်မီသော နိုင်ငံတကာအဆင့်မီတိုင်းရင်းဆေးဝါးများ     ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ