နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါလက်စတိုင်းအနေဖြင့် အစ္စရေးနှင့် ပဋိပက္ခဖြေရှင်းရန် နိုင်ငံတကာကြိုးပမ်းမှုများကို ကြိုဆိုမည်

ရာမာလာ  စက်တင်ဘာ   ၃


ပါလက်စတိုင်းအနေဖြင့် အစ္စရေး-ပါလက်စတိုင်း   ပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်း မှုကိုမဆို ကြိုဆိုကြောင်း ပါလက်စတိုင်း ဝန်ကြီးချုပ် Mohammed Ishtaye က ပြောကြားသည်။ 


 ပါလက်စတိုင်းလူမျိုးများသည် ယင်းတို့၏နယ်မြေများကို   အစ္စရေး သိမ်းပိုက်မှုအဆုံးသတ်ရေးနှင့် အရှေ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် ၁၉၆၇ ခုနှစ် နယ်နိမိတ် သတ်မှတ်ချက်များနှင့် အညီ ယင်းတို့၏ကိုယ်ပိုင်လွတ်လပ် သော ပါလက်စတိုင်း နိုင်ငံထူထောင်ရေး အတွက် မျှော်လင့်နေကြကြောင်း Ishtaye က အရှေ့ အလယ်ပိုင်းဆိုင်ရာ အွန်လိုင်း ညီလာခံတစ်ရပ်တွင် ပြောကြားသည်။ 


မျှတသော ငြိမ်းချမ်းရေးအကျိူးဆောင်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးအစီအမံများအပြင် ပါတီအားလုံး၏ ရှင်းလင်းသောရည်ညွှန်းချက်၊    အချိန် ဇယားနှင့်စေတနာပါမှုအား    မှီငြမ်းရန် လိုအပ်ကြောင်း Ishtaye က ဖြည့်စွက် ပြောကြားသည်။ 


ပါလက်စတိုင်းအရေးမှ အာရုံလွှဲရန် ယခင်အစ္စရေးအစိုးရဝန်ကြီးချုပ်ဟောင်း Benjamin Netanyahu က အားထုတ် ကြိုးပမ်းခဲ့သော်လည်း  ယင်းမှာ အရှေ့ အလယ်ပိုင်း၏ အဓိကပြဿနာအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ 

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ